【 နိုင်ငံတကာ 】 ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်လေယာဉ် ၂၈ စီး တွေ့ရှိ

【 နိုင်ငံတကာ 】 ထိုင်ဝမ်ကျွန်းအနီး တရုတ်စစ်လေယာဉ် ၂၈ စီး တွေ့ရှိ

တိုင်ပေ၊ စက်တင်ဘာ - ၁၇
 
တရုတ်နိုင်ငံသည် အတိအကျမသိရသည့် တာဝေးစစ်ဆင်ရေးအတွက် စစ်လေယာဉ် ၂၈ စီးကို ထိုင်ဝမ်ကျွန်းအနီး ပျံသန်းခဲ့ပြီး အများစုသည် ထိုင်ဝမ်ရေလက်ကြား ဗဟိုမျဉ်းကို ဖြတ်ကျော်ခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များပြောပါတယ်။ 
 
တနင်္ဂနွေနေ့ နံနက်က ထောက်လှမ်းတွေ့ရှိသော လေယာဉ်များအနက် အစီး ၂၀ သည် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကို ပိုင်းခြားထားသည့် ရေလက်ကြား ဗဟိုမျဉ်းကို ဖြတ်ကျော်ပြီး ထိုင်ဝမ်၏ အရှေ့တောင်နှင့် အနောက်တောင် လေကြောင်းကာကွယ်ရေးဇုန်များအတွင်း ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောပါတယ်။ 
 
တရုတ်နိုင်ငံသည် ထိုကဲ့သို့သော တာဝေးစစ်ရေးလေ့ကျင်မှုများ ပြုလုပ်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ထိုင်ဝမ်က ကင်းလှည့်လေယာဉ်များ သင်္ဘောများဖြင့် အခြေအနေကို စောင့်ကြည့်နေကြောင်းလည်း ပြောပါတယ်။ 
 
ပေကျင်းက ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်အဖြစ်ကြေညာပြီး တစ်နေ့တွင် လိုအပ်လျှင် အင်အားသုံးပြီး ပြန်လည်ပေါင်းစည်းမည်ဟု ပြောကြားထားပြီး မကြာသေးမီနှစ်များအတွင်း သံတမန်ရေး ဖိအားပေးနေတာဖြစ်ပါတယ်။ 
 
အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ စစ်သင်္ဘော ၂ စီး ယခုလအတွင် ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းခဲ့ပြီးနောက် တရုတ်က တပ်များကို တပ်လှန့်ထားပြီး တရုတ်စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ရေလက်ကြားတွင် ဖြတ်သန်းမှုများလာကြောင်း ထိုင်ဝမ်က လွန်ခဲ့သောအပတ်က ပြောခဲ့ပါတယ်။ 
 
Linko
Ref - TRT