【 နိုင်ငံတကာ 】 တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်တွင် မီးလောင်မှု သေဆုံးသူ ၆၃ ဦးအထိရှိလာ

【 နိုင်ငံတကာ 】 တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်တွင် မီးလောင်မှု သေဆုံးသူ ၆၃ ဦးအထိရှိလာ

ဂျိုဟန်နက်စ်ဘာ့ဂ်၊ သြဂုတ် - ၃၁

ဂျိုဟန်နက်စ်ဘာ့ဂ်မြို့လယ်တွင် ကြာသပတေးနေ့က ငါးထပ်အဆောက်အအုံတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူအရေအတွက် ၆၃ ဦးအထိရှိလာခဲ့ကြောင်း တောင်အာဖရိကမြို့၏ အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ သယ်ထားတဲ့ ရုပ်အလောင်း ၆၃ လောင်းနဲ့ ဒဏ်ရာအနည်းငယ်ရထားတဲ့ လူ ၄၃ ဦးရှိတယ်” လို့ အရေးပေါ်စီမံခန့်ခွဲမှုဝန်ဆောင်ဌာန ပြောရေးဆိုခွင့်ရှိသူ ရောဘတ်မူလာဒဇ်က ဒေသတွင်း ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ နောက်ထပ် လူဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်စီမံခန့်ခွဲရေးဝန်ဆောင်မှုတွေက ပြောပါတယ်။

ရှာဖွေရေးနှင့် ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်နေပြီး သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ရောဘတ်မူလာဒဇ်က ပြောကြားခဲ့ပါတယ်။

အာဏာပိုင်များက မီးကို အကြီးအကျယ်ငြှိမ်းသတ်ခဲ့ရသော်လည်း ဂျိုဟန်နက်စ်ဘာ့ဂ်မြို့လယ်ရှိ မည်းနေသော အဆောက်အအုံ၏ ပြတင်းပေါက်များမှ မီးခိုးများထွက်နေသေးပါတယ်။၎င်းနေရာကို မီးသတ် တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

Linko
Ref - Gulftoday