【 နိုင်ငံတကာ 】 တရုတ်၏ မဟာတယ်လီစကုပ်က ပြည်ပသုတေသီများကို လေ့လာကြည့်ရှုချိန် နာရီ ၉၀၀ နီးပါး ပေးအပ်ခဲ့

【 နိုင်ငံတကာ 】 တရုတ်၏ မဟာတယ်လီစကုပ်က ပြည်ပသုတေသီများကို လေ့လာကြည့်ရှုချိန် နာရီ ၉၀၀ နီးပါး ပေးအပ်ခဲ့

ပေကျင်း၊ ဧပြီ - ၁

တရုတ်နိုင်ငံ၏ မီတာ ၅၀၀ အလင်းဝင်ပေါက်ရှိသော စက်လုံးပုံ ရေဒီယိုစကုပ် (FAST) သည် ကမ္ဘာ့အကြီးမားဆုံးနှင့် အာရုံခံမှု အမြင့်မားဆုံး စလောင်းတစ်ခုတည်းပါသော ရေဒီယိုတယ်လီစကုပ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံက အသုံးပြုပြီး ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်ပြီး ပြည်ပသုတေသနအဖွဲ့အစည်းများကို လေ့လာစောင့်ကြည့်ချိန် နာရီ ၉:၀၀ နီးပါး ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

FAST ၏ တိုင်းတာထိန်းချုပ်ရေး တာဝန်ခံအင်ဂျင်နီယာ ဆွန်ချန်း၏ အဆိုအရ ထို ၁၅ နိုင်ငံတွင် ဂျာမဏီ၊ အီတလီနှင့် ပြင်သစ်တို့ပါဝင်ပြီး လေ့လာမှုများတွင် လျင်မြန်သော ရေဒီယိုလှိုင်းပေါက်ကွဲမှုများ၊ ရေဒီယိုလှိုင်းများ ထုတ်လွှင့်နေသည့် မမြင်နိုင်သော ကြယ်များ၊ ကြားနေ ဟိုက်ဒရိုဂျင် လေ့လာမှုများ ပါဝင်ပါတယ်။

မန်ချက်စတာ တက္ကသိုလ်မှ ရေဒီယိုလှိုင်း ထုတ်လွှင့်သည့် မမြင်နိုင်သော ကြယ်များဆိုင်ရာ အာကာသရူပဗေဒပညာ ပါရဂူဘွဲ့ရ ဗြိတိန်အာကာသလေ့လာရေးပညာရှင် ရာ့ဖ် အိတတ်သည် တရုတ်သိပ္ပံအကယ်ဒမီ အမျိုးသား အာကာသလေ့လာရေးဌာနတွင် ရေဒီယိုလှိုင်း ထုတ်လွှင့်သည် မမြင်နိုင်သော ကြယ်များ လေ့လာသည့် အာကာသပညာရှင်အဖြစ် လုပ်ကိုင်နေပါတယ်။

FAST ကို တစ်ကမ္ဘာလုံးသို့ အသုံးပြုခွင့်ပေးခြင်းကြောင့် အာကာသပညာရှင်များသည် ယခင်က ရေဒီယိုအာရုံခံမှု မလုံလောက်သောကြောင့် လေ့လာရန် မဖြစ်နိုင်သည်များ ဖြစ်နိုင်အောင် ကူညီခြင်းဖြစ်ပြီး အဓိကကျသည့် ဥပမာတစ်ခုမှာ ပြင်ပနဂါးငွေ့တန်းများမှ ရေဒီယိုလှိုင်းထုတ်လွှင့်သည် မမြင်နိုင်သော ကြယ်များကို လေ့လာနိုင်မည့် အလားအလာဖြစ်ကြောင်း သူကပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG