【 နိုင်ငံတကာ 】 တရုတ်သို့ ဦးတည်နေသည့် တိုင်ဖွန်းမုန်တိုင်း စာအိုလာ (Saola) ထိုင်ဝမ်ကိုဖြတ်စဉ် အားကောင်းလာ

【 နိုင်ငံတကာ 】 တရုတ်သို့ ဦးတည်နေသည့် တိုင်ဖွန်းမုန်တိုင်း စာအိုလာ (Saola) ထိုင်ဝမ်ကိုဖြတ်စဉ် အားကောင်းလာ

တိုင်ပေ၊ သြဂုတ် - ၃၀

တိုင်ဖွန်းမုန်တိုင်း စာအိုလာသည် ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကာ ညတွင်းချင်းပင် ပိုမိုအားကောင်းလာပြီး ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျှားနေတယ် ဆိုပါတယ်။

ထိုင်ဝမ်ဗဟိုမိုးလေဝသဗျူရို၏အဆိုအရ တိုင်ဖွန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျှားနေပြီး လေတိုက်နှုန်း တစ်နာရီ ၁၉၁ ကီလိုမီတာပါ (၁၁၈ မိုင်နှုန်း) နှင့် ၂၃၄ ကီလိုမီတာ (၁၄၅ မိုင်) အထိရှိနေရာ အားပြင်းတိုင်ဖွန်းမုန်တိုင်းအဖြစ် ယခုအခါ သတ်မှတ်ခံထားရပါတယ်။

တိုင်ဖွန်း၏ မုန်တိုင်းမျက်စိသည် ထိုင်ဝမ်အဓိကကျွန်းသို့ ဝင်ရောက်မည် မဟုတ်သော်လည်း ကျွန်း၏တောင်ဘက်ရှိ မြို့များကို အဖျားခတ်သွားမှာဖြစ်ပါတယ်။ထိုင်ဝမ်တောင်ပိုင်းမြို့များနှင့် အထူးသဖြင့် ပင်တုံခရိုင်တောင်ပိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးထားပါတယ်။

တိုင်ဖွန်းသည် လက်ရှိတွင် ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကို ပိုင်းခြားထားတဲ့ သမုဒ္ဒရာရေပြင်ဖြစ်သည့် ဘာရှီရေကြောင်း (Bashi Channel) ကို ဖြတ်ကျော်ကာ ထိုင်ဝမ်တောင်ဘက်သို့ တိုက်ရိုက်ရွေ့လျှားနေပါတယ်။    

မုန်တိုင်းကြောင့် ဖိလစ်ပိုင်မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးမှုတွေကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပေမယ့် မုန်တိုင်းဟာ ယခုသီတင်းပတ်အစောပိုင်းက ဖိလစ်ပိုင်ကိုဖြတ်သွားတာ ဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးမှုမရှိခဲ့ပေ။

တိုင်ဖွန်းမုန်တိုင်းသည် သောကြာနေ့တွင် တရုတ်နိုင်ငံတောင်ပိုင်းရှိ ဖူကျင်းနှင့် ဂွန်ဒေါင်းပြည်နယ်များကို ဝင်ရောက်တိုက်ခတ်မည်ဟု ခန့်မှန်းရပါတယ်။

တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာနက မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ အားပျော့သွားဖွယ်ရှိကြောင် ပြောကြားထားပါတယ်။

Linko
Ref - ABC