【 နိုင်ငံတကာ 】 တရုတ်သဘာ၀ ဘေးအန္တရာယ်များကြောင့် ပထမ ၃ လပတ်တွင် ဒေါ်လာ ၃.၃ ဘီလီယံ ကုန်ကျဟု အစိုးရပြော

【 နိုင်ငံတကာ 】 တရုတ်သဘာ၀ ဘေးအန္တရာယ်များကြောင့် ပထမ ၃ လပတ်တွင် ဒေါ်လာ ၃.၃ ဘီလီယံ ကုန်ကျဟု အစိုးရပြော

ပေကျင်း၊ ဧပြီ - ၁၅
 
တရုတ်တွင် ရေလွှမ်းမိုးမှု၊ မိုးခေါင်ရေရှားမှု၊ ငလျင်နှင့် ပြင်းထန်သည့် အအေးလှိုင်း အခြေအနေများကြောင့် တိုက်ရိုက် စီးပွားရေးဆုံးရှုံးမှုသည် ပထမ ၃ လပတ်အတွင်း ယွမ် ၂၃.၇၆ ဘီလီယံ (ဒေါ်လာ ၃.၂၈ ဘီလီယံ) ရှိကြောင်း အစိုးရက စနေနေ့တွင် ပြောခဲ့ပါတယ်။
 
အအေးလှိုင်းထိခိုက်မှုအများအပြား၊ အနောက်မြောက် ရှင်ကျန်းပြည်နယ်မှ ၇.၁ အတိုင်းအတာရှိ ငလျင်နှင့် နိုင်ငံအနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်မှ မြေပြိုမှုများနှင့် မြစ်ဝါမြစ်ဝှမ်း ရေလွှမ်းမိုးမှုများကြောင့် ထိုသို့ဖြစ်ရကြောင်း အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ကိုးကားပြောဆိုခဲ့ပါတယ်။
 
ထိုသဘာဝဘေးအန္တရာယ်များကြောင့် လူ ၇၉ ဦးသေဆုံးပြီး လူ ၁၁၀,၀၀၀ ကို အရေးပေါ် နေရာရွှေ့ ပြောင်းပေးရကာ ထိုကာလအတွင်း ဒေသနှင့် ပြည်နယ် ၂၆ ခုမှ ပြည်သူ ၁၀.၄ သန်းကို ထိခိုက်စေသည်ဟု ဝန်ကြီးဌာနက ပြောပါတယ်။
 
အခြား သဘာဝဘေးအန္တရာယ်များတွင် အနောက်တောင်ပိုင်း သီးနှံဟက်တာ ၄၂၄,၀၀၀ ကို ထိခိုက်စေသည့် မိုးခေါင်ရေရှားမှုနှင့် အနောက်မြောက်ဒေသများမှ သဲမုန်တိုင်းများနှင်အနောက်တောင်နှင့် တောင်ပိုင်းမှ တောမီး များလည်း ပါဝင်ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Reuters