【 နိုင်ငံတကာ 】 တရုတ်သည် နယ်ပယ် ၅ ခု၌ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သည်ဟု သက်ဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြ

【 နိုင်ငံတကာ 】 တရုတ်သည် နယ်ပယ် ၅ ခု၌ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သည်ဟု သက်ဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြ

ပေကျင်း၊ ဧပြီ - ၁

“တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၂၀၃၅ ခုနှစ် ရှေ့အလားအလာ မျှော်မှန်းချက်” ဆိုင်ရာ ငါးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး တတ်သိပညာရှင်များအဖွဲ့၏ အစီရင်ခံစာ ထုတ်ပြန်ပွဲနှင့် နိုင်ငံတကာနှီးနှောဖလှယ်ပွဲကို မတ်လ ၃၁ ရက်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပခဲ့ပါတယ်။

လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံသည် ပြည်သူ့နေထိုင်မှုဘဝသစ်၊ စားသုံးမှုသစ်၊ ကုန်ထုတ်လုပ်မှုသစ်၊ အခြေခံအဆောက်အအုံ တည်ဆောက်မှုသစ်နှင့် ဝန်ဆောင်မှုသစ်ပေးရေး နယ်ပယ် ၅ ခုတွင် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများ သိသိသာသာ ရရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အစီရင်ခံစာကို တရုတ်ပြည်သူ့တက္ကသိုလ် Chongyang ငွေရေးကြေးရေးသုတေသန အကယ်ဒမီနှင့် အမေရိကန်၊ ရုရှား၊ ကနေဒါ၊ အိန္ဒိယနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်ရေး တတ်သိပညာရှင်များအဖွဲ့မှ ပူးတွဲထုတ်ပြန်ခြင်းဖြစ်တယ်လို့ China Media Group သတင်းအရ သိရပါတယ်။