【 နိုင်ငံတကာ 】 တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ပွဲမှာ ရှီကျင့်ဖျင်က အရေးကြီးမိန့်ခွန်းပြောကြား

【 နိုင်ငံတကာ 】 တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ပွဲမှာ ရှီကျင့်ဖျင်က အရေးကြီးမိန့်ခွန်းပြောကြား

ပေကျင်း၊ စက်တင်ဘာ - ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ ညက ပေကျင်းမြို့၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖျင် တက်ရောက်ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းမှာ ဖော်ပြထားပါတယ်။

ရှီကျင့်ဖျင်က မိမိတို့၏ အနာဂတ်ခရီးစဉ်သစ်တွင် အောင်မြင်တောက်ပမည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုသည် အင်အားဖြစ်ပြီး ယုံကြည်စိတ်သည် ရွှေထက် ပိုတန်ဖိုးရှိကြောင်း၊ မိမိတို့သည် ခိုင်မာသော ယုံကြည်စိတ်ဖြင့် စည်းလုံးညီညွတ်ပြီး အခက်အခဲများကို ကျော်လွှား၍ အင်အားတောင့်တင်းသောနိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်ရှင်သန်ရေးဆိုင်ရာ မဟာပန်းတိုင်ကို ရည်မှန်းကာ တက်တက်ကြွကြွ သတ္တိရှိရှိ ရှေ့သို့လျှောက်လှမ်းသွားရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။