【 နိုင်ငံတကာ 】 တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

【 နိုင်ငံတကာ 】 တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

ပေကျင်း၊ ဧပြီ - ၃

နှစ်စဉ် စစ်ရေးလေ့ကျင့်မှု စီမံကိန်းအရ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းစစ်နယ်သည် ကြည်းတပ်နှင့် လေတပ်ကို စုစည်းပြီး ယခုလ ၂ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် ကျည်ဆန်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း China Media Group သတင်းအရ သိရပါတယ်။

နံနက် ၈ နာရီခန့်က စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီးနောက် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ဒေသ၏ တရုတ်ဘက်တွင် သံချပ်ကာ ခြေလျင်တပ်၊ အမြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ ကြည်းတပ် လေကြောင်း တပ်မဟာနှင့် လေတပ် လေကြောင်း တပ်မဟာ စသည့် တပ်ဖွဲ့များသည် သတ်မှတ်ထားသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရာ နေရာများ၌ လျင်မြန်စွာရောက်ရှိပြီး ဇုန်နယ်အလိုက်နှင့် အချိန်အလိုက် ကျည်ဆန်အစစ်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြလုပ်ခဲ့ကြတာဖြစ်ပါတယ်။