【 နိုင်ငံတကာ 】 တရုတ်နိုင်ငံတော်ကောင်စီက ၂၀၂၄ ခုနှစ်၏ အဓိကလုပ်ငန်းတာဝန်များကို အလေးထားပြော

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံတော်ကောင်စီက ၂၀၂၄ ခုနှစ်၏ အဓိကလုပ်ငန်းတာဝန်များကို အလေးထားပြော

ပေကျင်း၊ မတ် - ၁၅

တရုတ်နိုင်ငံတော်ကောင်စီသည်  တရုတ်ဝန်ကြီးချုပ် လီချန် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အင်္ဂါနေ့က ကျင်းပသည့် စီမံအုပ်ချုပ်မှု အစည်းအဝေးတစ်ခုတွင် ၂၀၂၄ ခုနှစ်အတွက် အဓိကလုပ်ငန်းများအတွက် အစီအစဉ်ကို စဉ်းစားသုံးသပ် အတည်ပြုခဲ့ကြောင်း သိရပါတယ်။

အထက်ပါအစည်းအဝေးတွင် တရုတ်နိုင်ငံ၏ သီးနှံထုတ်လုပ်မှုတိုးချဲ့ရေးနှင့် စံနှုန်းများ အဆင့်မြှင့်တင်ခြင်းဖြင့် အရည်အသွေးမြင့် စီးပွားရေးတိုးတက်မှု အဆင်ပြေရေးအတွက် လမ်းညွှန်များကိုလည်း အတည်ပြုခဲ့ပါတယ်။

ထိုအစည်းအဝေးတွင် မသင်မနေရ ပညာရေး အရည်အသွေးမြင့် ညီမျှသော တိုးတက်ရရှိရေး အစီရင်ခံစာကို ကြားနာပြီး အသေဆုံးသွားသည့် စစ်သားများ (သို့မဟုတ်) မသန်စွမ်းဖြစ်သွားသည့် စစ်သားများ၏ အငြိမ်းစားလစာကို အထူးအခွင့်အရေးပေးရေး လုပ်ထုံးလုပ်နည်းများကို ပြန်လည်လေ့လာသုံးသပ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံ၏ ဥပဒေပြုလွှတ်တော်ဖြစ်သော ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယအစည်းအဝေးသို့ တင်သွင်းသည် အစိုးရလုပ်ငန်း အစီရင်ခံစာသည် စီးပွားရေးနှင့် လူမှုရေးတိုးတက်မှု ဦးတည်ချက်များကို လီက အလေးထားပြောကြားပြီး အဓိကလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အသေးစိတ်အစီအမံများနှင့် မူဝါဒများကို အစီအစဉ်ရေးဆွဲရန် ပိုမိုလုပ်ဆောင်သင့်ကြောင်း ပြောခဲ့ပါတယ်။

ရိက္ခာဖူလုံမှုကို ကာကွယ်စောင့်ရှောက်ခြင်းသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး အဆင့်မြင့်လယ်မြေများ တည်ဆောက်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်မှုလုပ်ငန်း ပြန်လည်ရှင်သန်ရေး စသည့် အဓိကစီမံကိန်းများ အဆင်ပြေချောမွေ့အောင် အားထုတ်သင့်ကြောင်း ထိုအစည်းအဝေးအရ သိရပါတယ်။

အရည်အသွေးမြင့် တိုးတက်မှုမြှင့်တင်ရန် ကြိုးစားသည့်အနေဖြင့် စံနှုန်းများ အဆင့်မြှင့်တင်ရန် အဆင်ပြေချောမွေ့စေရေးအရ ထိုစံနှုန်းများကို ဖော်ထုတ် ပြင်ဆင်ရန်၊ လုပ်ငန်းများနှင့် စားသုံးသူများထံမှ သက်ဆိုင်ရာ အတွေးအမြင်များ တောင်းခံရေးနှင့် ၎င်းတို့အဆင်သင့်ဖြစ်သည်နှင့် စတင်မိတ်ဆက် ကျင့်သုံးရေး အားထုတ်မှုကို လီက တိုက်တွန်းခဲ့ပါတယ်။

ထိုအစည်းအဝေးတွင် ဒေသများအကြား မြို့ပြနှင့် ကျေးလက်အကြားနှင့် ကျောင်းများနှင့် အုပ်စုများအကြား ပညာရေးကွာဟမှု ကျဉ်းမြောင်းစေရေးအတွက်  ကျောင်းများအခြေအနေ၊ ပညာရေးအရည်အသွေးနှင့် ပြည်သူများ၏ ကျေနပ်မှုတိုးတက်ရေးတို့ ပါဝင်သည့် လုပ်ငန်းများ အာရုံစိုက်ရန် လိုအပ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။
 
မသင်မနေရ ပညာရေးသည် လူဦးရေအချိုးအစားပြောင်းလဲမှုများနှင့် မြို့ပြတည်ဆောက်ရေး အားထုတ်မှု တိုးတက်မှုနှင့် လိုက်လံကိုက်ညီအောင်လုပ်ရန်၊ ရင်းမြစ်များခွဲဝေမှု ပျော့ပျောင်းရေးနှင့် လိုသလို ကျင့်သုံးရန်နှင့် မသင်မနေရ ပညာရေးအတွက် အသုံးစရိတ်များကို အားနည်းသော အချိတ်အဆက်များအတွက် ပိုမိုသုံးစွဲရန် အားထုတ်မှုလုပ်သင့်သည်ဟု ထိုအစည်းအဝေးအရ သိရပါတယ်။

အငြိမ်းစားထောက်ပံ့ကြေးနှင့် သေဆုံး (သို့မဟုတ်) မသန်စွမ်းဖြစ်သွားသော စစ်သားများကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရေး လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ရာတွင် ထိုအစည်းအဝေးက ထိုလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာမူဝါဒများကို တင်းကျပ်စွာ အကောင်အထည်ဖော်ရန် အားထုတ်မှုများကို အလေးထားပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG