【 နိုင်ငံတကာ 】 တရုတ်က ၎င်း၏အမြန်ဆုံး ပင်လယ်ဖြတ်ကျော် အမြန်ရထားလမ်းကို ဖွင့်လှစ်

【 နိုင်ငံတကာ 】 တရုတ်က ၎င်း၏အမြန်ဆုံး ပင်လယ်ဖြတ်ကျော် အမြန်ရထားလမ်းကို ဖွင့်လှစ်

ပေကျင်း၊ စက်တင်ဘာ - ၂၈

ထိုင်ဝမ်ရေလက်ကြား အနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် ဖူကျိုးနှင့် ရှောင်မန်အပါအဝင် မြို့များကို ဆက်သွယ်ထားသည့် အမြန်ဆုံး ပင်လယ်ကမ်းရိုးတန်းဖြတ်ကျော် အမြန်ရထားလိုင်းကို ကြာသပတေးနေ့က  စတင်ပြေးဆွဲခဲ့ပါတယ်။

Fuxing ကျည်ဆန်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဖူကျင်းပြည်နယ်မြို့တော် ဖူကျိုးမှ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာကာ ၂၇၇ ကီလိုမီတာ ကွာဝေးသည့် ဖူကျိုး-ရှောင်မန်-ကျန့်ကျိုး မြန်နှုန်းမြင့် ရထားလိုင်းတစ်လျှောက် ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အမြင့်ဆုံးနှုန်း တစ်နာရီကီလိုမီတာ ၃၅၀ ဖြင့် ပြေးဆွဲမှာဖြစ်ပါတယ်။

ရထားလမ်းသည် ဖူကျင်းပြည်နယ်ရှိ အဓိကမြို့ကြီးနှစ်မြို့ဖြစ်သည့် ဖူကျိုးနှင့် ရှောင်မန်ကြား ခရီးသွားကြာချိန်ကို ၅၅ မိနစ်အထိ လျှော့ချပေးမှာဖြစ်ပါတယ်။၎င်းသည် မြို့များဖြစ်သည့် ဖူကျန်း၊ ချန်ကျိုးနှင့်  ကျန့်ကျိုးမြို့များမှတစ်ဆင့်လည်းဖြတ်ကာ မြို့များကြား မိနစ် ၃၀ ခန့် ခရီးတိုပြေးဆွဲမှာလည်းဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှ စတင်တည်ဆောက်ခဲ့သည့် အဆိုပါရထားလမ်းတွင် အင်တာနက်အာရုံခံနစ်၊ ဒေတာကုဒ်စနစ်နှင့် ပထဝီဝင်အချက်အလက်စနစ်အပါအဝင် ဉာဏ်ရည်မြင့်သော နည်းပညာများပါရှိကာ နိုင်ငံ၏ အသိဉာဏ်မြင့် သယ်ယူပို့ဆောင်ရေး တည်ဆောက်မှုအဖြစ် နောက်ထပ်ခြေလှမ်းသစ် လှမ်းနိုင်ခဲ့ကြောင်း ဆိုပါတယ်။

Linko
Ref - CMG