【 နိုင်ငံတကာ 】 ဆက်ဆံရေး ပိုဆိုးလာတာကြောင့် ကနေဒါရောက် နိုင်ငံသားတွေကို အိန္ဒိယ သတိပေး

【 နိုင်ငံတကာ 】 ဆက်ဆံရေး ပိုဆိုးလာတာကြောင့် ကနေဒါရောက် နိုင်ငံသားတွေကို အိန္ဒိယ သတိပေး

နယူးဒေလီ၊ စက်တင်ဘာ - ၂၁

ဆစ်ခ် ခွဲထွက်ရေးခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်မှုနှင့်ပတ်သက်၍ ပြင်းထန်သည့် အငြင်းပွားမှုများကြောင့် နှစ်ဖက်အပြန်အလှန် သံတမန်နှင်ထုတ်မှုဖြစ်ပွားသည်အထိ ဆက်ဆံရေးယိုယွင်းလာသဖြင့် ကနေဒါရှိ ၎င်း၏နိုင်ငံသားများ အထူးသဖြင့် ကျောင်းသားများကို “အတတ်နိုင်ဆုံး သတိထား” နေထိုင်ရန် အိန္ဒိယက ဗုဒ္ဓဟူးနေ့မှာ တိုက်တွန်းခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ ဇွန်လကဖြစ်ခဲ့တဲ့ ဟာဒီဆင်းဂျာ သတ်ဖြတ်ခံရမှုမှာ အိန္ဒိယအစိုးရအေးဂျင့်တွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီးနောက်ပိုင်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

တိကျသောဖြစ်ရပ်များ၏ အထောက်အထား (သို့မဟုတ်) အသေးစိတ်အချက်အလက်များကို မဖော်ပြဘဲ “ကနေဒါမှာ နိုင်ငံရေးအရ အမုန်းပွားစေတဲ့ ရာဇဝတ်မှုတွေနဲ့ ရာဇဝတ်အကြမ်းဖက်မှုတွေကြောင့် အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကြီးထွားလာလို့ အဲဒီမှာရောက်နေတဲ့ အိန္ဒိယနိုင်ငံသားအားလုံးနဲ့ ခရီးသွားဖို့စဉ်းစားနေသူတွေ အတတ်နိုင်ဆုံး သတိထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

အိန္ဒိယ၏ ခရီးသွားအကြံပေးမှုထုတ်ပြန်အပြီး နာရီပိုင်းအကြာတွင် ကနေဒါပြည်သူ့ဘေးကင်းရေးဝန်ကြီး ဒိုမင်နစ်လီဘလန့်စ်က ကနေဒါနိုင်ငံမှာ ဘေးကင်းသောနိုင်ငံဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

အိန္ဒိယအေးဂျင့်များမှာ လူသတ်မှုနှင့် ဆက်နွယ်မှုရှိနေသည်ဟု ကနေဒါ၏ သံသယများကို ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ အစိုးရက ပြတ်ပြတ်သားသား ပယ်ချလိုက်ပါတယ်။

“ကနေဒါမှာ ဆိုးရွားလာတဲ့ လုံခြုံရေးပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် အိန္ဒိယကျောင်းသားတွေကို အလွန်သတိထားဖို့နဲ့ နိုးနိုးကြားကြားရှိနေဖို့ အကြံပြုထားပါတယ်” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကနေဒါကမူ အိန္ဒိယနိုင်ငံအတွက် လုံခြုံရေးအကြံပေးချက်ကို လအတော်ကြာ ဆက်ထုတ်ထားပြီး နိုင်ငံသားများအား တောင်အာရှနိုင်ငံသို့ ခရီးသွားရာတွင် သတိထားရန် တိုက်တွန်းထားပါတယ်။

သို့သော်လည်း COVID-19 ၊ ဝက်သက်နှင့် ဇီကာဗိုင်းရပ်စ်တို့နှင့်ပတ်သက်သည့် အိန္ဒိယအတွက် ကျန်းမာရေးအကြံပေးချက် နောက်ဆုံးပြင်ဆင်ထုတ်ပြန်ချက်ကို ကနေဒါနိုင်ငံက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Linko
Ref - CMG