【 နိုင်ငံတကာ 】 စစ်သားသစ် စုဆောင်းနိုင်မှု နည်းလာသောကြောင့် စည်းရုံးရေးအစီအစဉ်များ ယူကရိန်း စတင်

【 နိုင်ငံတကာ 】 စစ်သားသစ် စုဆောင်းနိုင်မှု နည်းလာသောကြောင့် စည်းရုံးရေးအစီအစဉ်များ ယူကရိန်း စတင်

ဒီနီပရို၊ ဧပြီ - ၂၄

စစ်ပွဲတွင် ဝင်ရောက်ခိုက်မည့် ဆန္ဒအလျောက် စစ်မှုထမ်း မျိုးချစ်များအတွက် အခွင့်အလမ်းများကို စစ်မြေပြင် ကတုတ်ကျင်းများမှ ဝေးကွာသော နေရာများမှ တစ်နိုင်ငံလုံးမှ စနစ်တကျတည်ဆောက်ထားသည့် ဌာနသစ်များတွင် အရပ်သား လူသစ်စုဆောင်းသူများက လက်ပ်တော့ကွန်ပျူတာများနှင့် သတင်းအချက်အလက်များဖြင့် ရှင်းပြနေရပါတယ်။

ရုရှားကို တိုက်ခိုက်ရေးအတွက် လုံလောက်သော စစ်သားစုဆောင်းရန် ယူကရိန်း၏ အားထုတ်မှုများသည် အများပြည်သူ သံသယကြောင့် အဟန့်အတားဖြစ်နေသောကြောင့် ကာကွယ်ရေးအရာရှိများနှင့် စစ်တပ် တပ်ဖွဲ့များသည် ကျူးကျော်မှုကို ခုခံရန် နိုင်ငံသားတပ်မတော်အတွက် လူသစ်ရှာရန် ဘက်စုံသုံး စည်းရုံးရေးလုပ်ငန်း စတင်လုပ်ကိုင်နေရပါတယ်။

ထိုသို့ ပိုမိုပျော့ပျောင်းစွာ စစ်သားစုဆောင်းခြင်းကို အလုပ်အကိုင်ရှာဖွေသည့် ဝက်ဆိုက်များ၊ ကွင်းဆင်းဌာနများ၊ ဆိုင်းဘုတ်ကြီးများနှင့် လူမှုကွန်ရက်တွင်ပါ ပြုလုပ်နေပြီး စစ်ကာလအတွင်း ရွေးချယ်စရာပေးနေပါတယ်။

စစ်သားသစ် စုဆောင်းခံရသူများအနေဖြင့် ၎င်းတို့တာဝန်ထမ်းဆောင်လိုသည့် တပ်ဖွဲ့အတိအကျ၊ ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် သင့်တော်သည့် အခန်းကဏ္ဍသာမက ထမ်းဆောင်လိုသည့် ကာလကိုပင် ရွေးချယ်ခွင့်ပေးထားပါတယ်။

မြိုများရှိ လမ်းများမှ ဆိုင်းဘုတ်ကြီးများတွင် စစ်သားများက နိုင်ငံသားများ စစ်တပ်သို့ဝင်ပြီး ဇာတိမြေကို ကာကွယ်ရန် တောင်းဆိုသည့် ပုံကြီးများနှင့် အဆင်ပြေစေရန် QR ကုတ်များ ပေးထားပါတယ်။

အွန်လိုင်းတွင်လည်း အမှတ် ၉၃ ယန္တရားတပ်မကလည်း စစ်မှုထမ်းခြင်းသည် လူတိုင်းလုပ်နိုင်သည့် အလုပ်ဖြစ်ကြောင်း ဗီဒီယိုဇာတ်လမ်းဖြင့် အာမခံကာ စားဖိုမှူး၊ ထွန်စက်မောင်းသမား စသည့် အရပ်သားများအနေဖြင့် စစ်မြေပြင် စားဖိုမှူးနှင့် တင့်ကားမောင်းသူများအဖြစ် လုပ်ကိုင်နိုင်ကြောင်း ပြသခဲ့ပါတယ်။

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံတွင် ပြည်သူများကို ရွေးချယ်ခွင့်ပေးခြင်းသည် ၎င်းတို့ကို စည်းရုံးရေးတွင် အဓိကကျကြောင်း စစ်ဘက်စီစဉ်သူများ သဘောပေါက်လာကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး နာတာ လီယာ ကယ်လ်မီကိုဗာ ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters