【 နိုင်ငံတကာ 】 စစ်ဖြစ်လျှင် ထိုင်ဝမ်သမ္မတ ထွက်ပြေးလိမ့်မည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာပြော

【 နိုင်ငံတကာ 】 စစ်ဖြစ်လျှင် ထိုင်ဝမ်သမ္မတ ထွက်ပြေးလိမ့်မည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာပြော

တိုင်ပေ၊ ဧပြီ - ၂

ထိုင်ဝမ်မှ ရာထူးစွန့်လွှတ်ရတော့မည့် သမ္မတ ချိုင်အင်းဝန်သည် တရုတ်နှင့် စစ်ဖြစ်ပါက အမေရိကန်လေယာဉ်တစ်စီးဖြင့် ထွက်ပြေးရန် စီစဉ်ထားကြောင်း ၂၀၂၁ ခုနှစ်က အတည်မပြုနိုင်သည့် သတင်းများအရ သိရပြီး ထိုင်ဝမ်ကျွန်း၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ရွေးကောက်ပွဲမတိုင်မီတွင် ပဲ့တင်ထပ်နေပါတယ်။

အခြားသတင်းတစ်ပုဒ်မှာ ချိုင်သည် သူ၏လူယုံ အရေးပါသောသူကိုလည်း ထွက်ပြေးရန် လမ်းကြောင်းပေးခဲ့သည်ဟု ဆိုပါတယ်။

ထိုသတင်းများသည် တရုတ်နိုင်ငံသတင်းမီဒီယာဌာနများက ထိုင်ဝမ်ကျွန်းသို့ တရုတ်ကပြုလုပ်မည့် အန္တရာယ်များမှ ချိုင်လွတ်မြောက်ရန် ပြင်ဆင်နေသည်ဆိုသည် အထောက်အထားမဲ့ သတင်းများအနက် တစ်ခုဖြစ်သည်ဟု ထိုင်ဝမ်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း Information Environment Research Center (IORG) ၏ အဆိုအရ သိရပါတယ်။

တရုတ်နှင့် စစ်ဖြစ်လျှင် ချိုင်အင်းဝမ် နိုင်ငံမှ ထွက်ပြေးမည်ဆိုသည့် သတင်းနှင့် ထိုင်ဝမ်၏ ထိုကိစ္စအတွက် လေ့ကျင့်မှုများသည် ထိုကိစ္စအတွက် အစမ်းလေ့ကျင့်မှုဖြစ်သည်ဆိုသည့် သတင်းများကို တရုတ်ကွန်မြူနစ်ပါတီ ထိန်းချုပ် သတင်းဌာနတစ်ခုက စတင်ဖော်ပြပြီး  ထိုသတင်းကို တရုတ်တရားဝင်သတင်းဌာနများက အလျင်အမြန် ထပ်ဆင့်ဖော်ပြကြောင်း IORG သရုပ်ခွဲလေ့လာမှုက စတင်ဖော်ပြခဲ့ပါတယ်။

ထိုသတင်းသည် မှားယွင်းကြောင်း တိုင်ပေက အကြိမ်ကြိမ်ဖော်ပြခဲ့ပါတယ်။

ထိုအစိုးရသည် ပဋိပက္ခဖြစ်ပွားချိန်တွင် ခေါင်းဆောင်မှုအတွက် အစီအစဉ်အသေးစိတ်ကို လူသိရှင်ကြားဖော်ပြခြင်း မပြုခဲ့ပေ။ထိုသို့သော ထွက်ပြေးလွတ်မြောက်ရေး အစီအစဉ် ရှိ၊ မရှိ ရိုက်တာသတင်းဌာနကလည်း သီးခြားအတည်မပြုနိုင်ခဲ့ပေ။

ရိုက်တာသတင်းဌာနက ထိုင်ဝမ်စစ်ရေးလေ့ကျင်မှုနှင့်ပတ်သက်သည့် သတင်းရင်းမြစ်ကို တရုတ်ကို ဒေါသထွက်စေပြီး နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် လေ့လာသောကြောင့် IORG ကို ရိုက်တာက မေးမြန်းခဲ့ပါတယ်။

IORG သည် ဘဏ္ဍာရေးအရ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ထားသည် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများ ရန်ပုံငွေထောက်ပံ့သည် လူမှုသိပ္ပံပညာရှင်များနှင့် အချက်အလက် လေ့လာသူများဖြစ်ပါတယ်။

ထိုအဖွဲ့အစည်းသည် ဟန်ကွန်း စစ်ရေးလေ့ကျင့်မှုအပါအဝင် ထိုစစ်ရေးလေ့ကျင်မှုများကို သရုပ်ဖော်သည့် သတင်းပေါင်း ၄၀၀ ကျော်သည် ထိုင်ဝမ်ခေါင်းဆောင်ပိုင်းက ထိုင်ဝမ်ခွဲထွက်ရေး ဝတ်စုံပြည့် လေ့ကျင့်မှုဖြစ်သည်ဟုပြောပြီး IORG က ထိုလုပ်ရပ်သည် အာဏာရ တိုးတက်သော ဒီမိုကရက်တစ်ပါတီကို ပေကျင်းက ထိခိုက်စေရန် အားထုတ်မှုဟု ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters