【 နိုင်ငံတကာ 】 ဂျပန် ဖြည့်စွက်စာ၏ ကျန်းမာရေးအန္တရာယ်ကို တရုတ်စားသုံးသူအသင်း သတိပေး

【 နိုင်ငံတကာ 】 ဂျပန် ဖြည့်စွက်စာ၏ ကျန်းမာရေးအန္တရာယ်ကို တရုတ်စားသုံးသူအသင်း သတိပေး

ပေကျင်း၊ မတ် - ၃၁
 
ဂျပန်မှ မကြာသေးမီက ကျန်းမာရေး အရှုပ်တော်ပုံကြောင့် ဆန်နီတဆေးပါဝင်သည့် ဂျပန်ဖြည့်စွက်စာ စားသုံးမှု ရပ်ဆိုင်းရန် တရုတ်စားသုံးသူအသင်းက စားသုံးသူများကိုသတိပေးလိုက်ပါတယ်။
 
ထိုထုတ်ကုန်များကို တရုတ်နိုင်ငံတွင် ပြည်တွင်းရောင်းချရန်အတွက် တင်သွင်းခြင်းမရှိသော်လည်း နယ်စပ်ဖြတ်ကျော် ပလက်ဖောင်းများနှင့် ပြည်ပဆိုင်များမှ ဝယ်ထားနိုင်ကြောင်းအထက်ပါအသင်းက အတည်ပြု ပြောကြားတာဖြစ်ပါတယ်။
 
ဆန်နီတဆေးပါဝင်သည့် ၎င်းတို့၏ ဖြည့်စွက်စာနှင့်ပတ်သက်ပြီး သေဆုံးမှုအများအပြားနှင့် ဆေးရုံတက်ကုသမှု ၁၀၀ ကျော်ဖြစ်ခဲ့ကြောင်း ဂျပန်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ကိုဘာယာရှီဆေးထုတ်လုပ်ရေးက မကြာသေးမီက ထုတ်ဖော်ကြေညာခဲ့ပါတယ်။
 
ထိုဆေးပြားများကို မသောက်ရန်နှင့် ၎င်းတို့တွင် ရှိနေပါကလည်း တရုတ်နိုင်ငံမှ ထိုကုမ္ပဏီ၏ စားသုံးသူဝန်ဆောင်မှုဌာနသို့ ဆက်သွယ်ရန် အထက်ပါအသင်းက စားသုံးသူများကို တောင်းဆိုခဲ့ပါတယ်။
 
အီးကောမတ်စ်မှ ဝယ်ယူထားသူများသည် ပြန်လည်ပေးအပ် ငွေသားပြန်လည်ထုတ်ယူရန် လျှောက်ထားနိုင်တယ် ဆိုပါတယ်။ဆန်နီတဆေး ပါဝင်သည့် ထုတ်ကုန် ၃ မျိုးကို ၎င်းတို့ဆန္ဒအလျောက် ပြန်လည်ရုပ်သိမ်းနေကြောင်း ကိုဘာယာရှီဆေးဝါးလုပ်ငန်းက သောကြာနေ့တွင် ကြေညာခဲ့ပါတယ်။
 
စားသုံးသူများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ရန်နှင့် လိုအပ်ပါက ဆရာဝန်နှင့် ပြသရန်လည်း ထိုဆေးဝါးလုပ်ငန်းက အကြံပေးထားပါတယ်။
 
အိုဆာကာအခြေစိုက် ကိုဘာယာရှီဆေးဝါးကုမ္ပဏီသည် ထိုပြဿနာကို ကုမ္ပဏီတွင်းတွင် ဇန်နဝါရီလကတည်း သိနေသော်လည်း အများပြည်သူသို့ အလျင်အမြန် သတိမပေးသောကြောင့် ဝေဖန်ခံနေရသည်ဟု AP သတင်းက ဖော်ပြခဲ့ပါတယ်။ထိုပြဿနာကို မတ်လ ၂၂ ရက်နေ့ရောက်မှသာ လူထုသို့ ပထမဆုံးထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
ထိုဆေးဝါးလုပ်ငန်းသည် စီးပွားရေးအကျိုးအတွက် ထိုပြဿနာကို ပြည်သူထုထံ ချက်ခြင်း အကြောင်းကြားခဲ့ပုံမရကြောင်း ဂျပန်သမားတော် အီဂျီ ကူဆုမိက China Media Group နှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့ပြီး “သူတို့အနေနဲ့ ဒီအချက်အလက်တွေကို အမြန်ဆုံးကြေညာသင့်တယ်” ဟုလည်း ပြောခဲ့ပါတယ်။
 
ထိုသို့ကြေညာခြင်းသည် ပိုမိုများသော ပြည်သူများကို ကျောက်ကပ်ရောဂါနှင့် ကျန်းမာရေး ပြဿနာများမှ ကာကွယ်နိုင်မည်ဖြစ်ပါတယ်။သို့သော် ထိုကုမ္ပဏီက ချက်ခြင်းအသိပေးထုတ်ပြန်ခြင်းသည် ကုန်အမှတ်တံဆိပ်နှင့် စီးပွားရေးအကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်ပါတယ်။
 
ကုမ္ပဏီအပေါ် အများပြည်သူယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်းသည် ခက်ခဲသော ကိစ္စဖြစ်မည်ဟု ကူဆုမိ ပြောကြားပြီး ထိုသို့သော အရှုပ်တော်ပုံသည် ကျန်းမာရေးအစားအသောက်လုပ်ငန်းအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ဟု ပြောခဲ့ပါတယ်။
 
အလုပ်ဖြစ်သော အစားအစာဟု အမည်ပေးထားသည့် ထိုဖြည့်စွက်စာသည် ကျန်းမာရေးအာဏာ ပိုင်များ စစ်ဆေး အတည်ပြုထားသည်ဟု စားသုံးသူများ ယုံကြည်အောင် လွယ်ကူစေသည်ဟုလည်း သူကပြောပါတယ်။
 
လက်တွေ့တွင် အလုပ်ဖြစ်သော ဖြည့်စွက်စာသည် ဂျပန်တွင် တရားဝင်ခွင့်ပြုချက်မလိုဘဲ  လုပ်ငန်းများသည် ၎င်းတို့၏ထုတ်ကုန်ကို ၎င်းတို့၏ ဂုဏ်သတင်းအပေါ် မူတည်ပြီး အမှတ်တံဆိပ် သတ်မှတ်နိုင်ကြပါတယ်။
 
ထိုဆေးဝါးလုပ်ငန်းက ထိုပြန်လည်သိမ်းဆည်းနေသည့် ဆန်နီတဆေးသည် ကိုလက်စထရော လျှော့ချပေးနိုင်သည်ဟု ပြောသော်လည်း ထိုအချက်ကို သိပ္ပံနည်းကျ အတည်ပြုထားခြင်းမရှိကြောင်း ကူဆုမိ ပြောပါတယ်။
 
“သမားတော်တစ်ယောက်အမြင်နဲ့ ပြောရရင် ဒီလိုလုပ်တာ မသင့်တော်ဘူး” ဟု သူကပြောပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG