【 နိုင်ငံတကာ 】 ဂါဇာမြောက်ပိုင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

【 နိုင်ငံတကာ 】 ဂါဇာမြောက်ပိုင်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

ဂါဇာ၊ အောက်တိုဘာ - ၃၀ 
 
အစ္စရေးတပ်များသည် တင့်ကားများအကူအညီဖြင့် ဂါဇာမြောက်ပိုင်းသို့ ဝင်ရောက်တိုက်ခိုက်နေသောကြောင့် တနင်္လာနေ့ နံနက်အစောပိုင်းတွင် ပြင်းထန်သောလေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်ဖြင့်ပစ်ခတ်မှုများဖြစ်နေကြောင်း ပါလက်စတိုင်းများက ပြောခဲ့ပါတယ်။
 
ထိုမြေပြင်စစ်ဆင်ရေးအတွင်း အရပ်သားများကို အကာအကွယ်ပေးရန် နိုင်ငံတကာတောင်းဆိုမှုများ မြင့်မားနေပါတယ်။ 
 
အစ္စရေး လေကြောင်းတိုက်ခိုက်မှုများသည် ဂါဇာမြို့တော်ရှိ ရှီဖာနှင့် အယ်လ်ကက် ဆေးရုံများအနီး ထိမှန်ပြီး ဂါဇာတောင်ပိုင်း ခန်ယွန်နစ် နယ်စပ်တွင် ပါလက်စတိုင်းတပ်ဖွဲ့များနှင့် အစ္စရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေတာဖြစ်ပါတယ်။ 
 
တနင်္လာနေ့အစောပိုင်းအထိ ဟားမတ်စ်နှင့် အစ္စရေးစစ်ဘက်မှ မည်သည့်ထုတ်ပြန်ပြောကြားချက်မျှ မလုပ်သေးပေ။
 
ပါလက်စတိုင်းဒေသ အနောက်ဘက်ကမ်းခြေမှ တင့်ကားများ၏ ပုံများကို အစ္စရေးက ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။အစ္စရေးအစိုးရက မြေပြင်ထိုးစစ် တိုးချဲ့ရန် အမိန့်ပေးပြီး ၂ ရက်အကြာတွင် ဂါဇာ၏ အဓိကအစိတ်အပိုင်းကို ဝိုင်းပတ်ရန် ကြိုးစားမှု ဖြစ်နိုင်ပါတယ်။ 
 
အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်ကို သုံးပတ်ကြာတိုက်ခိုက်မှု ဒုတိယအဆင့်ကို အများပြည်သူ မမြင်အောင်လုပ်ဆောင်နေပြီး တပ်ဖွဲ့များကို ညဘက်တွင်သာလှုပ်ရှားပြီး ပါလက်စတိုင်းများအတွက် ဆက်သွယ်ရေးကိုလည်း ဖြတ်တောက်ထားပါတယ်။ 
 
လူပေါင်း ၁၄,၀၀၀ ခိုလှုံနေသည့် အယ်လ်ကက်ဆေးရုံမှ ဘေးလွတ်ရာ ရွှေ့ပြောင်းကြရန် အစ္စရေးအာဏာပိုင်များက အသိပေးထားကြောင့် ပါလက်စတိုင်းလခြမ်းနီအသင်းက တနင်္ဂနွေနေ့တွင် ပြောကြားပြီးနောက် ထိုဆေးရုံအနီးကို တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ 
 
ဟားမတ်စ်အဖွဲ့သည် ဂါဇာမှ ဆေးရုံများတွင် အမိန့်ပေးကွပ်ကဲရေးစခန်း ဖွင့်ထားကြောင်း အစ္စရေးက စွပ်စွဲသော်လည်း ထိုအချက်ကို ဟားမတ်စ်က ငြင်းဆိုခဲ့ပါတယ်။ 
 
ရှီဖာဆေးရုံတွင် ခိုလှုံနေသူ ၅၀,၀၀၀ ရှိကြောင်း၊ ထိုဆေးရုံကို ခြိမ်းခြောက်မှုအတွက် စိုးရိမ်ကြောင်း ပါလက်စတိုင်းအရာရှိများ ပြောခဲ့ပါတယ်။ 
 
Linko
Ref - Reuters