【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအတွက် တရုတ်အထူးသံတမန် အစ္စရေးသို့ သွားရောက်

【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခအတွက် တရုတ်အထူးသံတမန် အစ္စရေးသို့ သွားရောက်

ပေကျင်း၊ မတ် - ၁၆

တရုတ်သံတမန် Wang Kejian သည် ကြာသပတေးနေ့တွင် အစ္စရေးနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခနှင့် တရုတ်-အစ္စရေး ဆက်ဆံရေးနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ပဋိပက္ခတွေ အရှိန်ပြင်းလာနေချိန်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် အာမခံပြီး အရပ်သားတွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့နဲ့ ကျယ်ကျယ်ပြန့်ပြန့် အပစ်အခတ်ရပ်စဲရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့  ဝမ်က အဲဒီတွေ့ဆုံမှုအတွင်း  တောင်းဆိုခဲ့ကြောင်း ဆိုပါတယ်။

ထို့အပြင် “နှစ်နိုင်ငံဖြေရှင်းချက်” ကို အခြေခံ၍ ပါလက်စတိုင်းပြဿနာကို နိုင်ငံရေးအရ ပြေလည်အောင်ဖြေရှင်းပြီး အစ္စရေးနှင့် ပါလက်စတိုင်းတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို နားလည်သဘောပေါက်ရန် တိုက်တွန်းခဲ့တယ် ဆိုပါတယ်။

အစ္စရေးဘက်မှလည်း ဂါဇာကမ်းမြောင်ဒေသအရေးကိစ္စနှင့်ပတ်သက်၍ ၎င်း၏သဘောထားနှင့် စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG