【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းက လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၈ ဦး သေဆုံး

【 နိုင်ငံတကာ 】 ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းက လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၈ ဦး သေဆုံး

ဘေရွတ်၊ အောက်တိုဘာ - ၈ 
 
ဟားမတ်စ် ထိုးစစ်ကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဝိုင်းရံထားတဲ့ ဂါဇာကမ်းမြောင်ကို လေကြောင်းကက တိုက်ခိုက်မှုပြုလုပ်ခဲ့ရာမှာ ပါလက်စတိုင်း ၁၉၈ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
 
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ဆိုရှယ်မီဒီယာထုတ်ပြန်ချက်မှာ အနည်းဆုံး ပါလက်စတိုင်း ၁၆၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အတွက် သေဆုံးသူ တိုးလာနိုင်တယ် ဆိုပါတယ်။
 
ဟားမတ်စ်၏ မကြုံစဖူး စစ်ဆင်ရေးကြောင့် အစ္စရေးတွင် သေဆုံးသူ ဦးရေ ၇၀ အထိ တိုးလာခဲ့ကြောင်း Magen David Adom အရေးပေါ် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုမှ ပြောကြားခဲ့ပါတယ်။ 
 
ထုတ်ပြန်ချက်မှာ‌တော့ “ရာနှင့်ချီပြီး ဒဏ်ရာပြင်းထန်သူတွေ၊ အသေးစားထိခိုက်ဒဏ်ရာရသူတွေရှိပြီး ယခုအချိန် ညနေ ၅ နာရီ ၃၅ မိနစ်မှာ သေဆုံးသူ ၇၀ ဦးက တိုးလာနိုင်တယ်” လို့ ဖော်ပြထားပါတယ်။ 
 
အစ္စရေးနိုင်ငံတစ်ဝန်းမှာရှိတဲ့ ဆေးရုံတွေမှာ ရာနဲ့ချီတဲ့ ဒဏ်ရာရသူတွေကို ကုသပေးနေပြီး လက်ရှိမှာ လူပေါင်း ၄၆၀ ကျော် ဆေးကုသမှု ခံယူလျက်ရှိနေတယ် ဆိုပါတယ်။ 
 
ဘီရာရှီဘာရှိ ဆိုရိုကာဆေးဘက်ဆိုင်ရာစင်တာမှာ ဒဏ်ရာပြင်းထန်သူ အနည်းဆုံး ၂၈၀ ကို ကုသပေးနေပြီး ၆၀ ကတော့ အတော်လေးဆိုးဆိုးရွားရွား ပြင်းထန်သော အခြေအနေတွင်ရှိတယ် ဆိုပါတယ်။ 
 
ဂါဇာအနီး Ashkelon ရှိ Barzilai ဆေးရုံမှာ ဒဏ်ရာရရှိသူ ၁၈၂ ဦးကို ကုသပေးနေပြီး ၁၂ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း သိရပါတယ်။ 
 
နောက်ထပ် အရပ်သားသေဆုံးမှု တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ 
 
Linko
Ref - TRTworlds