【 နိုင်ငံတကာ 】 ကိုရီးယား-အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား ရှုတ်ချ

【 နိုင်ငံတကာ 】 ကိုရီးယား-အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယား ရှုတ်ချ

ပြုံးယမ်း၊ သြဂုတ် - ၂၉

တောင်ကိုးရီးယား၊ အမေရိကန်နဲ့ ဂျပန်တို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ပြစ်တင်ရှုတ်ချကာ ထိုသုံးနိုင်ငံက ခေါင်းဆောင်တွေကို “ဂိုဏ်းခေါင်းဆောင်တွေ” လို့ ခေါ်ဆိုခဲ့ပါတယ်။

ကင်သည် ထိုမှတ်ချက်ကို ကိုရီးယားပြည်သူ့တပ်မတော်၏ ရေတပ်ကွပ်ကဲမှုဌာနတွင် တနင်္လာနေ့က ကျင်းပသော ရေတပ်နေ့အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် Korean Central News Agency က အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

ပုံမှန်သုံးနိုင်ငံ စစ်ရေးလေ့ကျင့်မှုကို ကြေညာခဲ့သည့် သုံးနိုင်ငံ၏ ဂိုဏ်းခေါင်းဆောင်များ အစည်းအဝေးကို မြောက်ကိုရီးယားခေါင်းဆောင်က ပေါက်ကွဲနေခဲ့ကာ တောင်ကိုရီးယားကို “ကိုရီးယားသမ္မတနိုင်ငံ” အဖြစ် ပထမဆုံးအကြိမ် ရည်ညွှန်းပြီး မကြာသေးမီက ပြုလုပ်ခဲ့သော Camp David ထိပ်သီးအစည်းအဝေးကိုလည်း  ထင်ထင်ရှားရှား ဝေဖန်မှုများပြုလုပ်ခဲ့ပါတယ်။

ကင်က အမေရိကန်နှင့် ရန်လိုသော တပ်ဖွဲ့များ၏ မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်မှုများကြောင့် နျူကလီးယားစစ်ပွဲအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ကိုရီးယားကျွန်းဆွယ်ရေပိုင်နက်မှာ ကမ္ဘာတစ်ဝန်းရေပြင်များအနက် မတည်ငြိမ်ဆုံး ရေပြင်ဖြစ်လာတယ်လို့ ကင်က ပြောကြားခဲ့တယ် ဆိုပါတယ်။

ရေတပ်အနေနဲ့ လက်ရှိအခြေအနေမှာ စစ်ပွဲအတွက် အဆင်သင့်ဖြစ်ရန် လိုအပ်ပြီး တိုက်ခိုက်ရေးသတိ အဆက်မပြတ်ရှိဖို့လည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောခဲ့ပါတယ်။

ကင်ရဲ့ခရီးစဉ်အတွင်း ၎င်း၏သမီး ဂျုအဲ့လည်း လိုက်ပါလာခဲ့ပြီး မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ရန် ကြိုးပမ်းမှုဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ နေရာကို စစ်ဆေးမှုများပြုလုပ်ခဲ့သည် မြောက်ကိုရီးယားခေါင်းဆောင်ဟာ မေလ ၁၆ ရက်ကနေ ရက်ပေါင်း ၁၀၀ ခန့်အတွင်း ပထမဆုံးအကြိမ် လူမြင်ကွင်းကို  ထွက်ပေါ်လာတာဖြစ်ပါတယ်။

Linko
Ref - AsiaOne