【 နိုင်ငံတကာ 】 ကိယက်ဗ်နှင့် ယူကရိန်း အခြားနေရာများတွင် ဗုံးပေါက်ကွဲမှုများ ကြားနေရ

【 နိုင်ငံတကာ 】 ကိယက်ဗ်နှင့် ယူကရိန်း အခြားနေရာများတွင် ဗုံးပေါက်ကွဲမှုများ ကြားနေရ

ကိယက်ဗ်၊ စက်တင်ဘာ - ၂၁

ကြာသပတေးနေ့ နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ထွက်ပေါ်လာပြီးနောက် ကိယက်ဗ်တွင် ပေါက်ကွဲသံများကြားရပြီး အာဏာပိုင်များက ယူကရိန်းမြို့တော်ရှိ အနည်းဆုံး နေရာနှစ်ခုသို့ ကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ခဲ့ကြောင်း ရိုက်တာ၏ မျက်မြင်သက်သေများက ဆိုပါတယ်။

မြို့တော်ဝန် ဗစ်တာလီ ကလစ်ရှ်ကိုက တယ်လီဂရမ်တွင် လေကြောင်းရန်ကာကွယ်ရေးများ လုပ်ဆောင်နေပြီး ကယ်ဆယ်ရေးသမားများသည် မြို့တော်၏ အရှေ့ဘက်နှင့် တောင်ပိုင်းခရိုင်များရှိ ပေါက်ကွဲမှုဖြစ်နိုင်သည့် နေရာများသို့ သွားလာနေကြကြောင်း ရေးခဲ့ပါတယ်။

ကိယက်ဗ်အလယ်ပိုင်းနှင့် အရှေ့ဘက်ရှိ လူနေအိမ်မဟုတ်သော အဆောက်အအုံများသို့ ဒုံးကျည်အပျက်အစီးများ ပြုတ်ကျသဖြင့် ပျက်စီးမီးလောင်ခဲ့ရာ ကလေးတစ်ဦးအပါအဝင် လူနှစ်ဦးကို ဆေးရုံတင်ထားရကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

အာဏာပိုင်များနှင့် ဒေသတွင်းမီဒီယာများက ယူကရိန်းနိုင်ငံ ခါကိဗ်၊ ခါမြန်လစ်တာစကီ၊ ရီဗနီး၊ ဗစ်နန် တီဆာလာဗက်ဗ်နှင့် အီဗန်နို-ဖရန်ကီဗက်စ်ဒေသများတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဆိုပါတယ်။

Suspilne မီဒီယာရဲ့အဆိုအရ ယူကရိန်းနိုင်ငံအနောက်ပိုင်း ရီဗနီးမြို့မှာ ရုရှားရဲ့တိုက်ခိုက်မှုဟာ စွမ်းအင်အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့လို့ လျှပ်စစ်ဓာတ်အား တစ်စိတ်တစ်ပိုင်း ပြတ်တောက်သွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Linko
Ref - Reuters