【 နိုင်ငံတကာ 】 ကာ့စ် နျူကလီးယားစက်ရုံ စွန့်ပစ်ပစ္စည်း သိုလှောင်ရုံကို ယူကရိန်းဒရုန်း ဝင်တိုက်ဟု ရုရှားစွပ်စွဲ

【 နိုင်ငံတကာ 】 ကာ့စ် နျူကလီးယားစက်ရုံ စွန့်ပစ်ပစ္စည်း သိုလှောင်ရုံကို ယူကရိန်းဒရုန်း ဝင်တိုက်ဟု ရုရှားစွပ်စွဲ

မော်စကို၊ အောက်တိုဘာ - ၃၀ 
 
ကာ့စ် နျူကလီးယားစက်ရုံ စွန့်ပစ်ပစ္စည်း သိုလှောင်ရုံကို ယူကရိန်းဒရုန်းတစ်စီး ဝင်တိုက်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာ ဇာခါရိုဗာ ပြောလိုက်ပါတယ်။ 
 
ယူကရိန်းလက်နက်ကိုင်တပ်များသည် ကာ့စ်နျူကလီးယားဓာတ်အားပေးစက်ရုံကို ဒရုန်း ၃ စီးဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ပါတယ်။  
 
ဖောက်ခွဲပစ္စည်းများ တပ်ဆင်ထားသည် ဒရုန်းတစ်စီးသည် သိုလှောင်ရုံ နံရံကို ဝင်တိုက်ပြီး အခြား ၂ စီးသည် စက်ရုံ၏ အုပ်ချုပ်ရေး အဆောက်အအုံများပေါ် ပျက်ကျခဲ့ပါတယ်။ 
 
ကနဦး သတင်းအချက်အလက်များအရ ထိုဒရုန်းများကို တည်ဆောက်ထားသည့် အစိတ်အပိုင်းများသည် အနောက်နိုင်ငံများက ထောက်ပံ့ထားသည့် အစိတ်အပိုင်းများဖြစ်ကြောင်း သူပြောကြားပြီး ထိုသို့သော လုပ်ရပ်မျိုးကို အနောက်တိုင်းကြီးကြပ်သူမျာ၏ သဘောတူညီမှု (သို့မဟုတ်) ညွှန်ကြားချက်မပါဘဲ မလုပ်နိုင်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ 
 
ဇာခါရိုဗာက ကိယက်ဗ်ကို ဝေဖန်ပြီး နျူကလီးယား အကြမ်းဖက်မှုတွင် “အခုဖြစ်နေတာက နယ်နိမိတ်ဆိုတာမရှိတော့ကြောင်း ပြသနေတယ်” ဟု ပြောပါတယ်။
 
“မောင်းသူမဲ့လေယာဉ်က ဖြစ်စေတဲ့ နျူကလီးယားကပ်ဆိုးကို သူတို့ကောင်းကောင်းနားလည်ကြောင်း ထင်ရှားတယ်။ဒါက နိုင်ငံအများအပြားရဲ့ ပိုင်နက်တွေကို ထိခိုက်စေနိုင်တယ်” ဟုလည်း သူကပြောပါတယ်။ 
 
အစိုးရအားလုံးအနေဖြင့် ပြန်လည်ပြင်ဆင်မရသည့် အကျိုးဆက်များဖြစ်စေမည့် ကိယက်ဗ်၏ အလွန်အန္တရာယ်များသည့် လုပ်ရပ်များကို ရှုတ်ချရန် ဇာခါရိုဗာက တောင်းဆိုခဲ့ပါတယ်။ 
 
Linko
Ref - Anadolu Agency