【 နိုင်ငံတကာ 】 ကမ္ဘာ့စီးပွားရေး မောင်းနှင်အားအဖြစ် တရုတ်က စီးပွားရေးအင်အားကြီး ၇ နိုင်ငံကို ကျော်တက်မည်

【 နိုင်ငံတကာ 】 ကမ္ဘာ့စီးပွားရေး မောင်းနှင်အားအဖြစ် တရုတ်က စီးပွားရေးအင်အားကြီး ၇ နိုင်ငံကို ကျော်တက်မည်

ပေကျင်း၊ ဧပြီ - ၂၂

တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်အတွင်း ကမ္ဘာ့စီးပွားရေးခေါင်းဆောင်ဖြစ်လာပြီး တရုတ်၏ တိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ (G-7) စုစုပေါင်းထက် ပိုမိုကြီးမားမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းသည်ဟု ဘလွန်းဘတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

၂၀၂၉ ခုနှစ်ရောက်သောအခါ တရုတ်သည် ကမ္ဘာ့စီးပွားရေး လုပ်ဆောင်မှုသစ်များ၏ ၂၁ ရာခိုင်နှုန်းအထိရောက်လာမည်ဖြစ်ပြီး G-7 တစ်ခုလုံးက ၂၀ ရာခိုင်နှုန်းသာရှိပြီး အမေရိကန်၏ ၁၂ ရာခိုင်နှုန်းထက် ၂ ဆနီးပါးရှိမည်ဖြစ်ပါတယ်။

စုစုပေါင်းအနေဖြင့်ဆိုပါက ကမ္ဘာ့တိုးတက်မှု၏ ၇၅ ရာခိုင်နှုန်းသည် နိုင်ငံပေါင်း ၂၀ မှ လာမည်ဖြစ်ပြီး ထက်ဝက်ကျော်သည် တရုတ်၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် အင်ဒိုနီးရှားမှ လာမည်ဖြစ်သည်ဟု ဘလွန်းဘတ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လာမည့်နှစ်အနည်းငယ်တွင် G-7 အဖွဲ့ဝင်များဖြစ်သော ကနေဒါနှင့် အီတလီတို့သည် ၁ ရာခိုင်နှုန်းအောက်တွင်သာရှိသောကြောင့် ဘင်္ဂလားဒေ့ရှ် (သို့မဟုတ်) အီဂျစ်တို့ထက်ပင် လျော့နည်းမည်ဖြစ်ကြောင်း ထို ၂ နိုင်ငံ၏ လူဦးရေတိုးတက်မှုသည် စီးပွားရေးတိုးတက်မှုကို မောင်းနှင်နေကြောင်း ဘလွန်းဘတ် အီကော် နောမစ်က ခန့်မှန်းခဲ့ပါတယ်။

           ၂၀၂၄ ခုနှစ် ခန့်မှန်းချက်ကို IMF မြှင့်တင်

ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းကို IMF က ၃.၂ ရာခိုင်နှုန်းအဖြစ် အင်္ဂါနေ့တွင် ပြင်ဆင်ခန့်မှန်းလိုက်သောကြောင့် ဇန်နဝါရီလက ခန့်မှန်းချက်ထက် ဝ.၁ ရာခိုင်နှုန်း ပိုမိုမြင့်မားလာသည်ဟု World Economic Outlook (WEO) အစီရင်ခံစာသစ်အရ သိရပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG