【 နိုင်ငံတကာ 】 ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုတွင် တက်ကြွစွာပါဝင်မည်ဟု ရှီကျင့်ဖျင်ပြော

【 နိုင်ငံတကာ 】 ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုတွင် တက်ကြွစွာပါဝင်မည်ဟု ရှီကျင့်ဖျင်ပြော

ပေကျင်း၊ စက်တင်ဘာ - ၂၈

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းဥပဒေနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ အဋ္ဌမအကြိမ်ဆွေးနွေးပွဲ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း China Media Group သတင်းမှာ ဖော်ပြထားပါတယ်။

ယင်းဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ကြီးမှူးကျင်းပခဲ့တယ်လို့ ဆိုပါတယ်။

ရှီကျင့်ဖျင်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် ဘက်ပေါင်းစုံဝါဒအတွက် အရေးကြီးသည့် ကျောရိုးမဏ္ဍိုင်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးစီမံခန့်ခွဲမှုအတွက် အရေးကြီးသော ပလက်ဖောင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို လိုအပ်သော ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ခြင်းသည် ယေဘုယျသဘောတူညီချက်ဖြစ်ပြီး ခေတ်ရေစီးကြောင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်ဆောင်ရွက်ရေး၏ အရေးကြီးပုံနှင့် အရေးတကြီးဖြစ်ခြင်း (urgency) ကို လေးနက်စွာသိရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံတကာစီးပွားကုန်သွယ်ရေးစည်းမျဉ်းဥပဒေ ပြုပြင်ထိန်းညှိရေးတွင် ဘက်ပေါင်းစုံမှပါဝင်ဆောင်ရွက်ကာ အဆင့်မြင့်မားသော နိုင်ငံခြားသို့တံခါးဖွင့်မှုဖြင့် ပြုပြင်ပြောင်းလဲမှု ပိုမိုနက်ရှိုင်းစွာ ပြုလုပ်ခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်သင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။