【 နိုင်ငံတကာ 】 ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ တရုတ်ပါဝင်နေဟု ဝမ်ယိ ဆို

【 နိုင်ငံတကာ 】 ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ တရုတ်ပါဝင်နေဟု ဝမ်ယိ ဆို

ပေကျင်း၊ စက်တင်ဘာ - ၂၆

တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် ပိုမိုအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှုတွင် ပါဝင်ရန်နှင့် မျှဝေသည့်အနာဂတ်နှင့်အတူ ကမ္ဘာ့အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်ရန်အတွက် နိုင်ငံစုံသံခင်းတမန်ခင်းသည် တရုတ်နိုင်ငံအတွက် အရေးကြီးသော နည်းလမ်းဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောကြားခဲ့ပါတယ်။

တာဝန်သိ၊ တာဝန်ရှိသော နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံပေါင်းစုံပါဝင်သည့် ဖိုရမ်များတွင် မည်သည့်အခါမှ မပျက်ကွက်ကြောင်း၊ အသစ်ထွက်ရှိသော စက္ကူဖြူစာတမ်း ထုတ်ပြန်ခြင်းအတွက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝမ်က ပြောကြားခဲ့ပါတယ်။

လာမည့် APEC စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးသို့ တရုတ်တက်ရောက်မလားဆိုသည့် မေးခွန်းကို ဝမ်ကဖြေရာတွင် တရုတ်နိုင်ငံသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး သတင်းအချက်အလက်များကို အချိန်မီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Linko
Ref - Xinhua