【 နိုင်ငံတကာ 】 ကင်ဂျုံအန်ကို အသံထက်မြန်သော ဒုံးကျည်နှင့် ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ ရုရှားပြသ

【 နိုင်ငံတကာ 】 ကင်ဂျုံအန်ကို အသံထက်မြန်သော ဒုံးကျည်နှင့် ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ  ရုရှားပြသ

ဗလာဒီဗော့စတော့၊ စက်တင်ဘာ - ၁၆

ရုရှားနိုင်ငံ၏ အသံထက်မြန်သော ‘Kinzhal’ ဒုံးကျည်များနှင့် ဗျူဟာမြောက်ဗုံးကြဲလေယာဉ်များကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား ကာကွယ်ရေးဝန်ကြီး ဆာဂိုင်းရှိုးဂူက စနေနေ့တွင် ပြသခဲ့ကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရုရှားနိုင်ငံ၏ အရှေ့ဘက်စွန်း ပရီမော့စကီဒေသသို့ ရောက်ရှိလာချိန်တွင် ကင်နှင့် တွေ့ဆုံခဲ့သည့် ရှိုးဂူက ကင်ကို မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်သုံးစင်းဖြစ်သည့် Tu-160၊ Tu-95 နှင့် Tu-22M3 ကို ပြသခဲ့ပါတယ်။

ကင်သည် သောကြာနေ့က အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုအောက်တွင်ရှိသော ရုရှားတိုက်လေယာဉ်စက်ရုံကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုအလည်အပတ်ခရီးစဉ် တစ်စိတ်တစ်ပိုင်းကြောင့် ယူကရိန်းရှိ ရုရှားစစ်တပ်ကို အားကောင်းစေပြီး ပြုံယမ်း၏ ဒုံးကျည်အစီအစဉ် ပိုအားကောင်းလာစေမည်ကို ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များက စိုးရိမ်နေကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ကင်ဂျုံအန်တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် ယူကရိန်းစစ်ပွဲအတွင်း စစ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆွေးနွေးခဲ့ကြတယ်ဆိုပါတယ်။

ပူတင်က သတင်းထောက်များအား ရုရှားသည် မည်သည့်အရာကိုမျှ ချိုးဖောက်မည်မဟုတ်ဟုပြောခဲ့မယ့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကိုမူ ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ကင်၏ ခရီးစဉ်အတွင်း စစ်ရေးဆိုင်ရာကိစ္စရပ်များ (သို့မဟုတ်) အခြားအကြောင်းအရာများနှင့်ပတ်သက်၍ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းမရှိကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

Linko
Ref - Reuters