【 နိုင်ငံတကာ 】၂၀၂၃ခုနှစ် တရုတ် Documentales ပွဲတော် ကျင်းပ

【 နိုင်ငံတကာ 】၂၀၂၃ခုနှစ် တရုတ် Documentales ပွဲတော် ကျင်းပ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ရက်နေ့က China Media Group နှင့် ကုလသမဂ္ဂ လက်တင်အမေရိက နှင့် ကာရေဘီယံ စီးပွားရေးကော်မရှင်တို့သည် ၂၀၂၃ခုနှစ် တရုတ် Documentales ပွဲတော်ကို ချီလီ နိုင်ငံ ဆန်တီယာဂိုမြို့တော်ရှိ ကုလသမဂ္ဂ လက်တင်အမေရိကနှင့် ကာရေဘီယံ စီးပွားရေးကော် မရှင် ရုံးချုပ်တွင် ပူးတွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

ယင်းပွဲတော်တွင် China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက အမှာစကား ပြောကြားရာတွင် Belt and Road အဆိုပြုချက်သည် အတူတကွတိုင်ပင်ဆွေးနွေးခြင်း၊ အတူတကွတည်ဆောက်ခြင်းနှင့် အတူတကွ မျှဝေခံစားခြင်းဟူသောမူများကို တစိုက်မတ်မတ် စွဲကိုင်ထားပြီး Belt and Road ကို အတူတကွတည်ဆောက်သောနိုင်ငံအားလုံး အေးချမ်းသင့်မြတ်စွာ ပါဝင်စေလို ကြောင်း၊ ၄င်းမှာ China Media Group မှ တရုတ် Documentales ပွဲတော်ကို ကျင်းပရန် မူလရည်ရွယ်ချက် ဖြစ်ကြောင်း၊ China Media Group အနေဖြင့် Documentales ဖြင့် လူသားကံကြမ္မာတူအသိုက်အဝန်း သဘောတရားကို ရှင်းလင်းဖော်ပြပြီး Belt and Road အခန်းကဏ္ဍသစ်ကို ရေးသားပြုစုရန် ပြည်တွင်းပြည်ပမိတ်ဆွေများနှင့် လက်တွဲကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းမှာ ဖော်ပြထားပါတယ်။

ဆန်တီယာဂို ၊ စက်တင်ဘာ ၂၅