【 နိုင်ငံတကာ 】အစ္စရေး၏ တိုက်ခိုက်မှု အရေးမပါသောကြောင့် လက်တုံ့ပြန်ရန်မရှိသည့်သဘော အီရန် ပြော

【 နိုင်ငံတကာ 】အစ္စရေး၏ တိုက်ခိုက်မှု အရေးမပါသောကြောင့် လက်တုံ့ပြန်ရန်မရှိသည့်သဘော အီရန် ပြော

တီဟီရန်၊ ဧပြီ ၂၀

အီရန်နိုင်ငံ မြိုတစ်မြို့ပေါ်တွင် သောကြာနေ့က ပေါက်ကွဲသံများ ပဲ့တင်ထပ်နေပြီး ထိုကိစ္စသည် အစ္စရေးတိုက်ခိုက်မှုဖြစ်သည်ဟု သတင်းရင်းမြစ်များပြောသော်လည်း ထိုကိစ္စသည် အရေးမပါကြောင်း တီဟီရန်ကပြောကြားပြီး လက်စားချေရန် အစီအစဉ် မရှိဟုပြောလိုက်ပါတယ်။

ထိုသို့သော တုံ့ပြန်မှုသည်ဒေသတွင်း တင်းမာမှု မြင့်မားခြင်းကို ရှောင်ရှားရန်ဖြစ်သည်ဟု ယူဆရ ပါတယ်။

ထိုအကန့်အသတ်ဖြင့်တိုက်ခိုက်မှုနှင့် အီရန်ဘက်က တုံ့ပြန်မှုကင်းမဲ့ခြင်းသည် အီရန်က အစ္စရေးကို စနေနေ့တွင် တိုက်ခိုက်ပြီးနောက် အပြည့်အဝစစ်ပွဲ ရှောင်ရှားရန် သံတမန်ရေး အားထုတ်မှု အောင်မြင် ကြောင်း ပြသနေပါတယ်။

အီရန်အရာရှိများနှင့် မီဒီယာများက ပေါက်ကွဲမှုအနည်းငယ်ဖြစ်ကြောင်း၊ ထိုပေါက်ကွဲသံများသည် အစ္စဖဟန်မြို့အနီး ရောက်လာသည့် ဒရုန်း ၃ စီးကို လေကြောင်း ကာကွယ်ရေးစနစ်က ပစ်ခတ်မှုဖြစ်ကြောင်းပြောခဲ့ပါတယ်။

သို့သော်မှတ်သားစရာကောင်းသည်မှာ ထိုမီဒီယာနှင့် အရာရှိများက ထိုတိုက်ခိုက်မှုသည် အစ္စရေး တိုက်ခိုက်မှုဟု မပြောဘဲ ကျူးကျော်မှုဟုသာပြောသောကြောင့် လက်စားချေရန် မလိုသည့် သဘောမျိုး ဆိုလိုပါတယ်။

စိုးချစ်

သတင်းရင်းမြစ်- Reuters