【 နိုင်ငံတကာ အနုပညာ 】 AI ဖြင့် ထုတ်လုပ်သည့် ညစ်ညမ်းရုပ်ရှင်၏ သားကောင်ဖြစ်ရသော ဘော်ဘီ အော့လ်သော့ဖ်

【 နိုင်ငံတကာ အနုပညာ 】 AI ဖြင့် ထုတ်လုပ်သည့် ညစ်ညမ်းရုပ်ရှင်၏ သားကောင်ဖြစ်ရသော ဘော်ဘီ အော့လ်သော့ဖ်

နယူးယောက်၊ ဧပြီ - ၂၂

ဖေဖော်ဝါရီလက တွစ်တာတွင် သူရေပန်းစားနေကြောင် တွေ့ရသောအခါ ဘော်ဘီ အော့လ်သော့ဖ်က သူ၏ ပေါ့ကက်စ်များကြောင့် သူရေပန်းစားလာသည်ဟု ထင်ခဲ့ပါတယ်။

ထင်ရှားကျော်ကြားသူများကို လေးနက်သော တွေ့ဆုံမေးမြန်းသည့်အတွက် ကျော်ကြားသည့် The Really Good Podcast အစီအစဉ် တင်ဆက်သူနှင့် လူမှုကွန်ရက်တွင် သြဇာကြီးမားသူ အသက် ၂၆ နှစ်အရွယ် ဘော်ဘီ အော့လ်သော့ဖ်သည် ရက်ပ်ဂီတသမား ဝစ်ဇ် ကာလီဖာကို မကြာသေးမီက တွေ့ဆုံမေးမြန်းခဲ့ပြီး ထိုတွေ့ဆုံမေးမြန်းခန်းအကြောင်း အများပြည်သူအကြား စိတ်ဝင်တစားပြောဆိုခြင်း ရှိ၊ မရှိ သူသိလိုနေပါတယ်။

သို့သော် X လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည်မှာ သူ၏ပုံများကိုသုံးကာ ဉာဏ်ရည်တုနည်းပညာ (AI) ဖြင့် ထုတ်လုပ်ထားသည့် ညစ်ညမ်းရုပ်ရှင်တစ်ခု လူမှုကွန်ရက်တွင်  ပျံ့နှံ့နေခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် သူမသိလိုက်ရပါတယ်။

“ဒါဘာလုပ်တာလဲ။ဒါ ကျမရဲ့ ပေါ့ကက်စ် မဟုတ်ဘူး” ဟု အော့လ်သော့ဖ်က Yahoo Entertainment သို့ ပြောပါတယ်။

နည်းပညာဖြင့် ပြုပြင်ထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများသည် ထင်ရှားကျော်ကြားသူများအတွက်သာမက သာမန်ပြည်သူများအတွက်ပါ ပိုမိုကြီးမားသောပြဿနာ ဖြစ်လာပါတယ်။လူမှုကွန်ရက်များ အထူးသဖြင့် X လူမှုကွန်ရက်သည် ထိုသို့သော ကိစ္စများကို စောင့်ကြည့်ထိန်းကြောင်းမှု မရှိသောကြောင့် ဝေဖန်ခံရပါတယ်။

၉ နာရီအတွင်းတွင် ထို ဗီဒီယိုကို X လူမှုကွန်ရက်တွင် ကြည့်ရှုသူ ၄.၅ သန်းရှိသည်ဟု ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။

X လူမှုကွန်ရက် ကိုယ်စားလှယ်တစ်ဦးကို Yahoo Entertainment က ဆက်သွယ်မေးမြန်းသော်လည်း လတ်တလော အကြောင်းမပြန်သေးပေ။

စိုးချစ်
သတင်းရင်းမြစ် - Yahoo