【 နိုင်ငံတကာ အနုပညာ 】 ၂၀၂၄ ယူရိုဗီးရှင်း သီချင်းပြိုင်ပွဲအတွက် ဆွီဒင် ပြင်ဆင်နေ

【 နိုင်ငံတကာ အနုပညာ 】 ၂၀၂၄ ယူရိုဗီးရှင်း သီချင်းပြိုင်ပွဲအတွက် ဆွီဒင် ပြင်ဆင်နေ

လန်ဒန်၊ ဧပြီ - ၂၄

ယခုအချိန်သည် ဥရောပတွင် နွေဦးရာသီဖြစ်ပြီး ယူရိုဗီးရှင်း သီချင်းပြိုင်ပွဲဟုခေါ်သည့် မြင်ကွင်းနှင့် အသံများ နှစ်စဉ်ဖူးပွင့်သည့် ရာသီဖြစ်ပါတယ်။

၆၈ ကြိမ်မြောက် ထိုနှစ်စဉ် ပြိုင်ပွဲကို ဆွီဒင်နိုင်ငံ၊ မယ်လ်မိုတွင် မေလတွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ယှဉ်ပြိုင်မှုများသည် နိုင်ငံတကာပဋိပက္ခများ သဘောထားကွဲလွဲမှုများကို ဘေးဖယ်ကာ အလွန်ခမ်းနားသည့် ထိုပြိုင်ပွဲတွင် ပေါ့ပ်တေးဂီတ သရဖူကို အရယူကြမည်ဖြစ်ပါတယ်။

သို့သော် ယူရိုဗီးရှင်းပြိုင်ပွဲများသည် ထိုသို့ နိုင်ငံတကာပဋိပက္ခများ သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားရာတွင် အမြဲတမ်းအောင်မြင်ခဲ့သည် မဟုတ်ပေ။စာဖတ်သူများအနေဖြင့် ထိုပြိုင်ပွဲကိုကြည့်ရန်၊ အနိုင်ရသူကို ကူညီရွေးချယ်ပေးရန် ဥရောပသို့ ရောက်ရှိနေရန် မလိုအပ်ပေ။

ယူရိုဗီးရှင်းသည် နိုင်ငံတကာ ပေါ့ပ်တေးဂီတပြိုင်ပွဲဖြစ်ပြီး ဥရောပတစ်လွှားနှင့် ပြင်ပမှ နိုင်ငံများမှ ယှဉ်ပြိုင်မှုများသည် ရုပ်သံတိုက်ရိုက်လွှင့်သည့် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။

၁၉၅၆ ခုနှစ်တွင် စတင်သည့် ထိုပြိုင်ပွဲကို ဒုတိယကမ္ဘာစစ်အပြီး ညီညွတ်ရေး အားပေးရန် စတင်ခဲ့ပြီး ပေါ့ဂီတပွဲတော်ဖြစ်ကာ ကမ္ဘာတစ်ဝန်းမှ ပရိသတ်သန်းရာပေါင်းများစွာ ကြည့်ရှုကြသည်။

ယှဉ်ပြိုင်သည့် နိုင်ငံ ၄၀ နီးပါးရှိပြီး အစ္စရေးနှင့် သြစတြေးလျကဲ့သို့ ဥရောပမှ မဟုတ်သော နိုင်ငံများလည်း ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP