【 နိုင်ငံတကာ အနုပညာ 】 အင်ဒရူးမင်းသားအကြောင်း ဇာတ်လမ်းတွင် ဂီလီယန် အန်ဒါဆင်နှင့် ရူးဖတ်ဆီးဝဲလ်တို့က တော်ဝင်မီဒီယာ အကျပ်အတည်း ဖန်တီး

【 နိုင်ငံတကာ အနုပညာ 】 အင်ဒရူးမင်းသားအကြောင်း ဇာတ်လမ်းတွင် ဂီလီယန် အန်ဒါဆင်နှင့် ရူးဖတ်ဆီးဝဲလ်တို့က တော်ဝင်မီဒီယာ အကျပ်အတည်း ဖန်တီး

လန်ဒန်၊ ဧပြီ - ၃

လွန်ခဲ့သော ရက်သတ္တပတ်က ဖော်ပြခဲ့သည့်အတိုင်း ဗြိတိန်တော်ဝင်မိသားစုနှင့် မီဒီယာသည် ပေါက်ကွဲလွယ်သော ပေါင်းစပ်မှုဖြစ်ပါတယ်။

ဇန်နဝါရီလက ဝမ်းဗိုက်ခွဲစိတ်မှုကြောင့် ဝေလမင်းသမီး ပျောက်ကွယ်နေခြင်းကြောင့် အွန်လိုင်းတွင် ခန့်မှန်းပြောဆိုမှု မြင့်မားစေပါတယ်။

ထိုခန့်မှန်းပြောဆိုမှုများကို ကနဦးတွင် ပြုပြင်ထားသော ဓာတ်ပုံဖြင့် စတင်ခဲ့ပြီး ထိုသို့ပြောဆိုမှုများကို ကိတ်က သူမသည် ကင်ဆာရောဂါအတွက် ကုသမှုခံယူနေကြောင်း ပြောဆိုသည့် ဗီဒီယိုဖြင့် ပြန်လည်ချေဖျက်ရပါတယ်။

ထိုကိစ္စသည် နန်းတွင်း ပုဂ္ဂလိက ကိစ္စများကို အများပြည်သူက စူးစမ်းလေ့လာသောအခါ ရှုပ်ထွေးတတ်ကြောင်း သတိပေးလိုက်ခြင်းပင်ဖြစ်ပါတယ်။

နောက်ထပ်အထောက်အထားအဖြစ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် အင်ဒရူးမင်းသားနှင့် ၂၀၁၉ ခုနှစ်က အင်တာဗျူးအကြောင်း ရိုက်ကူးထားသည့် Netflix ရုပ်ရှင် Scoop ဇာတ်ကားကို ကြည့်ပါ။ဧပြီလ ၅ ရက်နေ့တွင် ပြသမည့် ထိုဇာတ်ကားတွင် ရူးဖတ်ဆီးဝဲလက အင်ဒရူးအဖြစ် သရုပ်ဆောင်ပြီး ဂျီလီယန် အန်ဒါဆင်က ဘီဘီစီ ၏ Newsnight  အစီအစဉ်အတွက် မေးမြန်းသည့် သတင်းထောက် အင်မလီမိတ်လစ်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ထိုတွေ့ဆုံမေးမြန်းမှုတွင် သူအောင်မြင်သည်ဟု အင်ဒရူးမင်းသားက ယူဆပြီး အင်မလီမိတ်လစ်ကို နန်းတော်အတွင်း လှည့်လည်ပြသခဲ့ပါတယ်။

သို့သော် ထိုတွေ့ဆုံမေးမြန်းခန်းကို ထုတ်လွှင့်ပြီး ရက်ပေါင်းများစွာ အများပြည်သူနှင့်ပတ်သက်သည့် တာဝန်များမှ ပျက်ကွက်ခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP