【 နိုင်ငံတကာ အနုပညာ 】 လန်းနေသော ကြိုးမဲ့ဝတ်စုံဖြင့် စွဲမက်ဖွယ်ကောင်းနေတဲ့ ဆယ်လီနာဂိုးမက်ဇ်

【 နိုင်ငံတကာ အနုပညာ 】 လန်းနေသော ကြိုးမဲ့ဝတ်စုံဖြင့် စွဲမက်ဖွယ်ကောင်းနေတဲ့ ဆယ်လီနာဂိုးမက်ဇ်

နယူးယောက်၊ မတ် - ၃၁
 
ပရိသတ်မြင်ကွင်းကပျောက်နေတဲ့ ဆယ်လီနာဂိုးမက်ဇ်တစ်ယောက် စတိဗ်မာတင်၏ သူ့ဘဝ အကြောင်း ရိုက်ကူးထားတဲ့ Steve အမည်ရှိ အပိုင်းနှစ်ပိုင်းပါ မှတ်တမ်းရုပ်ရှင်အသစ်ပြပွဲမှာဝတ်စုံအသစ်နဲ့ လန်းနေခဲ့ပါတယ်။
 
Wizards of Waverly Place ၏ နောက်ဆက်တွဲစီးရီးမှာ ပါဝင်သရုပ်ဆောင်မည့် အသက် ၃၁ နှစ်အရွယ် အဆိုတော်/မင်းသမီးဟာ သောကြာနေ့က နယူးယောက်စီးတီးရှိ Crosby Street ဟိုတယ်သို့ရောက်ရှိစဉ် အမိုက်စား အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားတာမှာ ဝတ်စုံက ဘီလီယံနဲ့ချီပြီး တန်ဖိုးရှိနေသလို ဖြစ်နေခဲ့ပါတယ်။
 
လေးကိုင်းသဖွယ် ကွပ်ထားတဲ့ အမျိုးသမီးဝတ်စုံရှည်နဲ့ ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဆယ်လီနာဟာ ဆွဲဆောင်မှုရှိသော အသွင်အပြင်မျိုး ၀တ်ဆင်ထားလို့ ၎င်း၏ သဘာဝအလှကို ပေါ်လွင်တောက်ပြောင်စေကာ ဆံကေသာများကို ပြောင်လက်တောက်ပစွာ သိမ်းထားလို့ ကျစ်လစ်ကြော့မော့သော သူမဟန်ကို မက်မောစရာဖြစ်စေပါတယ်။
 
ဆယ်လီနာဂိုးမက်ဇ်ဟာ Apple TV+ ၏ အပိုင်းနှစ်ပိုင်းပါ မှတ်တမ်းရုပ်ရှင်မှာ ၎င်း၏ မယုံကြည် နိုင်လောက်စရာ ဟောလိဝုဒ်ကစားသမားဘ၀ကို ပြန်လည်ကြည့်ရှုနေသည့် မာတင်ကိုဖက်ပြီးရယ်နေကြလို့ ကော်ဇောနီပေါ်မှာ သူမတို့နှစ်ဦးဟာ ထင်ရှားနေပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Daily Mail