【 နိုင်ငံတကာ အနုပညာ 】 ရှေးဟောင်းပစ္စည်း နယ်လှည့်ရုပ်သံအစီအစဉ်တွင် ပါဝင်သူ၏ အမှိုက်ပုံမှတွေ့သော စာအုပ် အဖိုးတန်နေ

【 နိုင်ငံတကာ အနုပညာ 】 ရှေးဟောင်းပစ္စည်း နယ်လှည့်ရုပ်သံအစီအစဉ်တွင် ပါဝင်သူ၏ အမှိုက်ပုံမှတွေ့သော စာအုပ် အဖိုးတန်နေ

လန်ဒန်၊ ဧပြီ - ၂

အမှိုက်ပုံမှ တွေ့ခဲ့သောသော စာအုပ်တစ်အုပ်သည် လွန်စွာတန်ဖိုးမြင့်မားကြောင်း သိလိုက်ရသောကြောင့် ရှေးဟောင်းပစ္စည်း နယ်လှည့်ပြပွဲအစီအစဉ် တက်ရောက်သူတစ်ဦး လွန်စွာအံ့သြပြီး စကားမပြောနိုင်အောင် ဖြစ်သွားပါတယ်။

ဘီဘီစီသတင်းဌာန၏ ကျော်ကြားလှသော ထိုရုပ်သံအစီအစဉ်သစ်ကို မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဖီအိုနာ ဘရုစ်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ယခုအပတ် အစီအစဉ်တွင် ရုပ်သံအစီအစဉ်သည် ကာဒစ်မှ အလက်ဇန္ဒား ဂါးဟင်း၏ နေအိမ်သို့ သွားရောက်ခဲ့ပါတယ်။ပြည်သူများသည် ၎င်းတို့တန်ဖိုးထားသော ပစ္စည်းများကို ကျွမ်းကျင်သူများ တန်ဖိုးဖြတ်ခံရန် အလျင်အမြန်ရောက်လာကြပါတယ်။သို့သော် ကျွမ်းကျင်သူ ကလိုက်ဖ် ဖာရာဟာသည် ဧည့်သည်တစ်ဦး အမှိုက်ပုံမှ ကောက်ရသည့် ပစ္စည်းတစ်ခုကို တွေ့ပြီးနောက် လွန်စွာအံ့သြသွားပါတယ်။

ထိုဧည့်သည်-သည် သားရေဖုံးအုပ်ထားသည့် မျိုးရိုးစဉ်ဆက် စာအုပ်တစ်အုပ်ကို ယူဆောင်လာပါတယ်။ထိုစာအုပ်တွင် သူ၏ဇနီးက မိသားစုသစ်ပင်ကို လက်ရေးဖြင့် ပုံဖော်ထားပါတယ်။ကလိုက်ဖ်က ၁၈၀၀ ခုနှစ်များ နှောင်းပိုင်းက ထိုစာအုပ်သည် အံ့သြစရာကောင်းလောက်အောင် ထူးခြားကြောင်း ပြောခဲ့ပါတယ်။

ထိုဧည့်သည်က “ကျနော် ဒီစာအုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်မပြည့်ခင်က အင်တာနက်မှာ စတွေ့ပြီး ဒါတွေက ကျနော့်အမျိုးသမီးနဲ့ ဆွေမျိုးတော်တဲ့ ဟုဂျ်မိသားစုနှင့် သူတို့ဘိုးဘေးတွေအကြောင်းပဲ” ဟု ပြောခဲ့ပါတယ်။

အွန်လိုင်းမှ ရောင်းချသူက ထိုစာအုပ်ကို သူ လွန်ခဲ့သော ၃၅ နှစ်က မြောက်ပိုင်း ဝေလပြည်နယ်မှ အမှိုက်ပုံတွင် တွေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်ဟု သူကပြောပါတယ်။

ကလိုက်ဖ်သည် အံ့သြသွားပြီး “ဒီမိသားစုလက်ရေးနဲ့ အဖိုးတန်စာအုပ်ကို အမှိုက်ပုံက တွေ့ခဲ့တာလား” ဟု မေးပါတယ်။

“သူတို့က လွှင့်ပစ်ခဲ့ကြတာပေါ့" ဟုလည်း သူကပြောပါတယ်။

ထိုနောက် ကျွမ်းကျင်သူက စိတ်လှုပ်ရှားစွာဖြင့် “ဒီစာအုပ်က ထူးခြားတယ်လို့ ထင်တယ်။စာမျက်နှာ ၂၀၀ လောက်ပါပြီး သင့်မှာရှိမျှ ဆွေမျိုးတော်စပ်သူတွေကို သိနိုင်မယ်လို့ ထင်တယ်။လှလှပပချုပ်ထားပြီး ဘာအစွန်းအထင်းမှမရှိဘူး။ အမှိုက်ပုံမှာတွေ့တာတဲ့” ဟု ပြောခဲ့ပါတယ်။

ကလိုက်ဖ်က ထိုပစ္စည်း အလွန်အဖိုးတန်ကြောင်းပြောပြီး လေလံတင်ပါက ပေါင် ၁၅၀၀ ရနိုင်ကြောင်း ပြောပါတယ်။ဧည့်သည်က ပြုံးရင်း စိတ်လှုပ်ရှားစွာဖြင့် တကယ်လားဟု ပြန်မေးခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Daily Mail