【 နိုင်ငံတကာ အနုပညာ 】 ရန်းနီး ဇဲလ်ဝဂ္ဂနာက ဘရစ်ဒစ်ဂျုံးအဖြစ် ပြန်လည်သရုပ်ဆောင်မည်

【 နိုင်ငံတကာ အနုပညာ 】 ရန်းနီး ဇဲလ်ဝဂ္ဂနာက ဘရစ်ဒစ်ဂျုံးအဖြစ် ပြန်လည်သရုပ်ဆောင်မည်

လော့စ်အိန်ဂျလိစ်၊ ဧပြီ - ၁၁

ရန်းနီး ဇဲလ်ဝဂ္ဂနာ၊ ဟုဂျ်ဂရန့်နှင့် အမ်မာသွန်မဆွန်သည် Briget Jones စတုတ္ထတွဲတွင် ၎င်းတို့၏ အခန်းများကို ပြန်လည်သရုပ်ဆောင်ကြတော့မည်ဖြစ်ပါတယ်။

Bridget Jones: Mad About The Boy အမည်ရှိ ရုပ်ရှင်ကားတွင် 12 Years A Slave ဇာတ်ကားသရုပ် ဆောင်ချီဝက်တယ် အဂျီရိုဖောနှင့် One Day သရုပ်ဆောင် လီယို ဝုဒ်ဒေါသည် ထိုဇာတ်လမ်းတွဲတွင် ပါဝင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဗယ်လင်တိုင်းနေ့တွင် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေမည်ဖြစ်ပါတယ်။

သို့သော် ထိုဇာတ်ကားကို ဗြိတိန်တွင် မည်သည့်အချိန်တွင် ထုတ်လွှင့်မည်ကို အတည်မပြုရသေးပေ။

အော်စကာဆု ၂ ကြိမ်ရခဲ့သူ ဇဲလ် ဝက်ဂ္ဂနာသည် သူအမြတ်နိုးဆုံး ဘရစ်ဂျက်အခန်းက သရုပ်ဆောင်ပြီး ဂရန့်သည် ဒန်နီရယ် ကလီဗာအဖြစ် သရုပ်ဆောင်ကာ တတိယပိုင်းတွင် ဘရစ်ဂျက်၏  သားဖွားမီးယပ် ဆရာဝန်အဖြစ် သရုပ်ဆောင်သူ သွမ်ပ်ဆင်လည်း ပြန်လာမည်ဖြစ်ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Irish Independent