【 နိုင်ငံတကာ အနုပညာ 】 မာရီဂျေဘလိုက်၊ ချား၊ အော်ဇီ အော့စဘွန်း၊ A Tribe Called Quest အဖွဲ့နှင့် Foreigner အဖွဲ့တို့ ရော့ခ် အင်ရိုးဂီတ ကျော်ကြားမှုခန်းမ အဖွဲ့ဝင်များဖြစ်လာ

【 နိုင်ငံတကာ အနုပညာ 】 မာရီဂျေဘလိုက်၊ ချား၊ အော်ဇီ အော့စဘွန်း၊ A Tribe Called Quest အဖွဲ့နှင့် Foreigner အဖွဲ့တို့ ရော့ခ် အင်ရိုးဂီတ ကျော်ကြားမှုခန်းမ အဖွဲ့ဝင်များဖြစ်လာ

နယူးယောက်၊ ဧပြီ - ၂၃

မာရီဂျေဘလိုက်၊ ချား၊ အော်ဇီ အော့စဘွန်း၊ A Tribe Called Quest အဖွဲ့၊ Kool&The Gang နှင့် Foreigner အဖွဲ့တို့ ရော့ခ်အင်ရိုးဂီတ ကျော်ကြားမှုခန်းမ အဖွဲ့ဝင်များအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ထိုသို့သော အဖွဲ့ဝင်များတွင် ရိုးရာရော့ခ်သမားများဖြစ်သည့် ဒေ့ဖ် မက်သရူးအဖွဲ့နှင့် အဆိုတော် ဂီတာသမား ပီတာ ဖရမ့်ပတွန်တို့လည်း ပါဝင်ပါတယ်။

အလက်စစ် ကွန်းနား၊ ဂျွန် မေယဲလ်နှင့် ဘစ်မာမားသွန်တန်တို့သည် ဂီတသြဇာဆုများရရှိပြီး ကွယ်လွန်သူ ဂျင်မီဘူဖေး၊ MC5 အဖွဲ့၊ ဒိုင်ယွန်း ဝါးဝစ်နှင့် နော်မန် ဝှစ်ဖီးလ်တို့သည် ဂီတအကောင်းဆုံးဆုများ ရရှိခဲ့ပါတယ်။ရှေ့ဆောင်လမ်းပြ ဂီတအမှုဆောင် ဆူဇန်း ဒီ ပက်ဆီသည် အာမက်အာတီဂန်ဆု ရရှိခဲ့ပါတယ်။

“ရော့ခ်အင်ရိုးလ်ဟာ ယဉ်ကျေးမှုအပေါ် သက်ရောက်မှုရှိပြီး မျိုးဆက်ပေါင်းများစွာကို လှုပ်ခါသွားစေတဲ့ အမြဲတမ်းတိုးတက်နေတဲ့ အသံတွေရဲ့ အစုအဝေးဖြစ်တယ်” ဟု Rock & Roll Hall of Fame Foundation ဥက္ကဋ္ဌ ဂျွန်ဆီကက်စ်က ကြေညာချက် တစ်စောင်တွင် ဖေါ်ပြခဲ့ပါတယ်။

“ဒီလိုကွဲပြားခြားနားတဲ့ အဖွဲ့ဝင်တွေဟာ ဂီတအတားအဆီးတွေကို ဖြိုချခဲ့သူတွေဖြစ်ပြီး သူတို့ခြေရာကို နင်းခဲ့တဲ့ မရေတွက်နိုင်တဲ့ အနုပညာရှင်တွေကို သြဇာလွှမ်းမိုးခဲ့ကြတယ်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP