【 နိုင်ငံတကာ အနုပညာ 】 နောက်ထပ် ကလေးထပ်လိုချင်နေတဲ့ လင်ဆေးလိုဟန်

【 နိုင်ငံတကာ အနုပညာ 】 နောက်ထပ် ကလေးထပ်လိုချင်နေတဲ့ လင်ဆေးလိုဟန်

လော့စ်အိန်ဂျလိစ်၊ မတ် - ၁၆

သားငယ် Luai ရှိနေတဲ့ အသက် ၃၇ နှစ်အရွယ် မင်းသမီး လင်ဆေးလိုဟန်ဟာ ခင်ပွန်းဖြစ်သူ ဘာဒါ ရှာ မားစ်နှင့် အတူနေတာ ခုနစ်လရှိနေပြီဖြစ်လို့ ယခုအခါတွင် သူမ၏ ရင်သွေးလေးအတွက် မွေးချင်းအဖြစ် နောက်ထပ်ကလေးတစ်ယောက် မွေးပေးချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်တွင် ဘာဒါးနှင့် လက်ထပ်ခဲ့သော ဟောလိဝုဒ်ကြယ်ပွင့်ဟာ ‘The Drew Barrymore Show’ မှာ “တစ်အူထုံ့ဆင်း မွေးချင်းတစ်ယောက်လို ရထားလို့ ကံကောင်းခဲ့ပါတယ်။ဒါကြောင့် Luai ကို မွေးချင်းတစ်ယောက် ပိုင်ဆိုင်စေချင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

လင်ဆေးဟာ မဝေးတော့သော အနာဂတ်မှာ သူမရဲ့မိသားစုကို တိုးချဲ့ဖို့  စိတ်အားထက်သန်နေပါတယ်။မင်းသမီးဟာ သားဖြစ်သူ Luai မရရှိမီက  သူမ၏အသက်အရွယ်ကြောင့် ကလေးရဖို့ “စိတ်ပူလာ” ကြောင်း ဝန်ခံခဲ့ပါတယ်။

“ကြောက်စရာကောင်းတယ်။စိတ်တွေက ပေါက်ကရဖြစ်နေတယ်” ဟု ဝန်ခံခဲ့ပါတယ်။

အေးအေးဆေးဆေး အမေတစ်ယောက်အနေနဲ့ ဘဝကို ဘယ်လိုပျော်နေလဲလို့မေးတော့ လင်ဆေးလိုဟန်က “အလုပ်ကပြန်လာတော့ ငါ့သားက ညစာ စားဖို့ ပြင်နေတယ်၊ တံခါးဖွင့်လိုက်တာနဲ့ ‘The Parent Trap’ ကို ကြည့်နေတယ်၊ သူက ငေးကြည့်နေတာ။ဘာလို့လဲဆိုတော့ ငါ့အသံက ဟိုတုန်းက ပုံစံနဲ့ တူနေသေးလို့ပဲ။”

မင်းသမီးက ၎င်း၏သားဖြစ်သူ ၁၉၉၈ ခုနှစ်က သူမဇာတ်ကားကို ကြည့်နေတာကို ကြည့်ရင်း ငိုကြွေးမိခဲ့ကြောင်း ပြန်လည်အမှတ်ရမိနေတယ် ဆိုပါတယ်။

ယခုအချိန်တွင် လင်ဆေးက သူမ၏သားကို နေရာတိုင်းသို့ အတူတူခေါ်သွားကြောင်း၊ ဒါပေမယ့် ရေရှည်မှာ အရာရာပြောင်းလဲလာမှာဖြစ်ပြီး တခြားလူနေမှုပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်လို့ လင်ဆေးက လက်ခံပါတယ်။

သူမက “ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ကို နေရာတိုင်းခေါ်နိုင်တာ၊ ကံကောင်းထောက်မစွာနဲ့ နေရာတိုင်းကိုခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့ သူ့ကို မထားခဲ့ချင်ဘူး။ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒါက ပိုအရေးကြီးနေတယ်လို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - People