【 နိုင်ငံတကာ အနုပညာ 】 ဒုတိယရက်သတ္တပတ်ကုန်အထိ Godzilla x Kong လက်မှတ်အရောင်း စံချိန်တင်နေ

【 နိုင်ငံတကာ အနုပညာ 】 ဒုတိယရက်သတ္တပတ်ကုန်အထိ Godzilla x Kong လက်မှတ်အရောင်း စံချိန်တင်နေ

နယူးယောက်၊ ဧပြီ - ၁၀

Godzilla x Kong: The New Empire ဇာတ်ကားသည် လက်မှတ်ရုံများတွင် ထိပ်တန်းနေရာကို ၂ ပတ်ဆက်တိုက် ထိန်းသိမ်းထားပြီး ပြိုင်ဘက်ဇာတ်ကားနှစ်ခုကို အနိုင်ရကြောင်း တနင်္ဂနွေနေ့ စတူဒီယို ခန့်မှန်းချက်များအရ သိရပါတယ်။

လွန်ခဲ့သော ရက်သတ္တပတ်တွင် မျှော်မှန်းထားသည့် ဒေါ်လာ သန်း ၈၀ ကျော်ထက် ပိုမိုရပြီးနောက် ထိုဇာတ်ကားသည် ဒုတိယပတ်တွင် ဒေါ်လာ ၃၁.၇ သန်း ရပြီး ပထမပတ်ကထက် ၆၀ ရာခိုင်နှုန်း ဝင်ငွေကျဆင်းခဲ့ပါတယ်။သို့သော် Warner Bros. နှင့် Legendary Pictures တို့က ထုတ်လုပ်ပြီး အဒမ် ဝင်းဂတ် ညွှန်ကြားသည် ထိုဇာတ်ကားသည် ၂၀၁၄ ခုနှစ်က ဂေါ်ဇီလာဇာတ်ကားနောက်ပိုင်း ဝင်ငွေအများဆုံး ဇာတ်ကားဖြစ်ပါတယ်။

သို့သော် ၂ ပတ်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ၃၆၁.၁ သန်း ရသောကြောင့် Godzilla x Kong သည် ၂၀၁၄ ခုနှစ်က ဂေါ်ဇီလာ၏ တစ်ကမ္ဘာလုံးဝင်ငွေ ၅၂၉ သန်းကို နောက်ဆုံးတွင် ကျော်တက်သွားနိုင်ပါတယ်။ထိုဇာတ်ကားကို ရိုက်ကူးရန် ဒေါ်လာ ၁၃၅ သန်း ကုန်ကျခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP