【 နိုင်ငံတကာ အနုပညာ 】 တရားမဝင် လျှို့ဝှက်လိမ်ညာမှု စွပ်စွဲချက်အတွက် ကြေအေးရန် The Sun သတင်းစာဆီမှ ကြီးမားသော ပမာဏကို ယူထားကြောင်း ဟူးဂရန့် ပြော

【 နိုင်ငံတကာ အနုပညာ 】 တရားမဝင် လျှို့ဝှက်လိမ်ညာမှု စွပ်စွဲချက်အတွက် ကြေအေးရန် The Sun သတင်းစာဆီမှ ကြီးမားသော ပမာဏကို ယူထားကြောင်း ဟူးဂရန့် ပြော

လန်ဒန်၊ ဧပြီ - ၁၈
 
နာမည်ကျော်သရုပ်ဆောင် ဟူးဂရန့်က သူဖုန်းအား တရားမ၀င် ချိုးဖောက် နားထောင်ခြင်း၊ သူ့ကားကို ဝင်တိုက်ကာ အိမ်ထဲသို့ ဖောက်ထွင်း ဝင်ရောက်ခြင်း စသည့် တရားစွဲဆိုမှုများအတွက် ဖြေရှင်းရန် “ငွေအမြောက်အမြား” ကို The Sun သတင်းစာထံမှ လက်ခံခဲ့ကြောင်း တရားရုံးမှာ သဘောတူညီချက်ကို ကြေငြာအပြီးမှာသရုပ်ဆောင်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
 
တရားခွင်မှာ အောင်နိုင်ရင်တောင်မှ သူ့ကို ကြီးကြီးမားမား အတားအဆီးဖြစ်စေနိုင်တဲ့ တရားရုံး ပေါ်လစီကြောင့် မကျေမနပ်နဲ့ ပြေလည်မှုရခဲ့တယ်လို့ ဂရန့်က ပြောပါတယ်။
 
လက်တွေ့မှာ မင်းသား ဟယ်ရီကိုလည်း အခြေချဖို့ တွန်းအားပေးနိုင်တဲ့ အဖြစ်မှန်ဖြစ်တယ်လို့ သူတို့ရဲ့ရှေ့နေက ပြောပါတယ်။
 
တရားရုံးများ အနှောင့်အယှက်မဖြစ်စေရန် ရည်ရွယ်သည့် အရပ်ဘက်တရားရုံး စည်းမျဉ်းတစ်ခုအရ တရားခွင်တွင် အနိုင်ရပါက နှစ်ဖက်စလုံးအား တရားဝင် အခကြေးငွေပေးရန် ဂရန့်အနေဖြင့် လိုအပ်မည်ဖြစ်ရာ အကယ်၍ အမှုတွင် အနိုင်ရပါက ဂရန့်အနေဖြင် ဖြေရှင်းပေးသည့် ကမ်းလှမ်းချက်ထက် နိမ့်သော အရာကိုသာ ရမှာဖြစ်ပါတယ်။
 
“လုံးဝအပြစ်မဲ့တဲ့ လူတွေနဲ့ အတူတူပါပဲ၊ ဒီကိစ္စကို တရားရုံးကနေ ရှင်းထုတ်ဖို့အတွက် သူတို့က ငွေအမြောက်အမြားပေးတယ်” လို့ ဂရန့်က ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် ပြောခဲ့ပါတယ်။
 
“စွပ်စွဲချက်တိုင်းကို တရားရုံးမှာ သက်သေပြမယ်ဆိုရင်တောင်၊ ပေါင် ၁၀ သန်း (ဒေါ်လာ ၁၂.၄ သန်း) ကုန်ကျမယ့် တစ်စုံတစ်ခုအတွက် ကျွန်တော်မှာ တာဝန်ရှိနေသေးတယ်။ဒီလိုကာထားတဲ့ အရံအတားအတွက် ကျနော်ရှက်မိပါတယ်” လို့ ပြောခဲ့ပါတယ်။
 
သို့သော် ပေးချေမှုပမာဏကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
 
NGN ကလည်း ၎င်းအနေဖြင့် တာဝန်ခံခြင်းမရှိကြောင်း ဝန်ခံထားပြီး ယခုပြေလည်မှုမှာ ကုန်ကျ စရိတ်များသော တရားရုံးစစ်ဆေးမှုကို ရှောင်ရှားရန် နှစ်ဖက်စလုံး၏ ငွေကြေးအကျိုးအမြတ် အတွက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - AP