【 နိုင်ငံတကာ အနုပညာ 】 ဂိုယွန်ဂျွန်း၏ Resident Playbook ဒရာမာဇာတ်ကား အထူးပွဲပြသရန် နှောင့်နှေးနေ

【 နိုင်ငံတကာ အနုပညာ 】 ဂိုယွန်ဂျွန်း၏ Resident Playbook ဒရာမာဇာတ်ကား အထူးပွဲပြသရန် နှောင့်နှေးနေ

ဆိုးလ်၊ မတ် - ၂၂

ဂိုယွန်ဂျွန်း၏ ရုပ်မြင်သံကြားသို့ ပြန်လည်ဝင်ရောက်လာသည့် Resident Playbook ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ထိုသတင်းသည် tvN က Hospital Playlist ကြော်ငြာ ဇာတ်လမ်းတွဲကို ထုတ်လွှင့်ရန် ဆိုင်းငံ့ထားကြောင်း ကြေညာပြီးနောက် ထိုသတင်းထွက်လာခြင်းဖြစ်ပါတယ်။

ပရိသတ်များသည် Hospital Playlist နောက်လာမည့် အပိုင်းကို ကြည့်ရှုလိုသောကြောင့် လွန်စွာစိတ်လှုပ်ရှားနေပါတယ်။ Resident Playbook သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဖန်သားပြင်သို့ ရောက်လာမည်ဟု ကြေညာခဲ့ပါတယ်။ဝမ်းနည်းစရာကောင်းသည်မှာ ထိုဇာတ်လမ်းတွဲကို ဆေးပညာအသိုက်အဝန်းက ဆန့်ကျင်နေသောကြောင့် ထိုအစီအစဉ် အစိတ်အပိုင်းအားလုံးကို ပြန်လည်ချိန်ညှိနေရသည်ဟု ရိုက်ကူးရေးအဖွဲ့ ပြောပါတယ်။

လာမည့် ဒရာမာဇာတ်ကား Resident Playbook ကို ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်မှသာ စတင်ပြသနိုင်တော့မည်ဖြစ်ကြောင်း tvN က မတ်လ ၂၁ ရက်နေ့တွင် ကြေညာခဲ့ပါတယ်။သို့သော် စတင်ထုတ်လွှင့်မည့် ရက်စွဲကို ဆွေးနွေးနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

tvN တွင်သာမက ကမ္ဘာ့ကြည့်ရှုသူများကို ဆွဲဆောင်ရန် ထိုဇာတ်လမ်းတွဲကို Netflix တွင်လည်း ပြသရန် စီစဉ်ထားပါတယ်။ထိုသို့နှောင့်နှေးခြင်းနှင့်ပတ်ပြီး tvN က “အကြောင်းအချက်အမျိုးမျိုးကို ထည့်သွင်းစဉ်းစားရတယ်။အဲဒီပြဿနာတစ်ခုကတော့ ပြည်တွင်းက ဆရာဝန်တွေ ဆန္ဒပြနေတဲ့ကိစ္စပဲ” ဟု ဖော်ပြထားပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Soompi