【နိုင်ငံတကာ】အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ တောင်တရုတ်ပင်လယ် စိုးရိမ်ပူပန်မှုကို တရုတ်ပယ်ချ

【နိုင်ငံတကာ】အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ တောင်တရုတ်ပင်လယ် စိုးရိမ်ပူပန်မှုကို တရုတ်ပယ်ချ

ပေကျင်း၊ ဧပြီ ၂၀ 
နိုင်ငံအချို့က တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သည့် တရုတ်အပေါ် စွပ်စွဲချက်များကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပယ်ချလိုက်လိုက်ပါတယ်။ 
သက်ဆိုင်ရာနိုင်ငံများ၏ အခြေအမြစ်မဲ့ စွပ်စွဲချက်များနှင့် တောင်တရုတ်ပင်လယ် ပြဿနာတွင် တရုတ်ကို သိက္ခာကျအောင်လုပ်ဆောင်ခြင်းတို့ကို လက်မခံနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက ကြာသပတေးနေ့တွင်ပြောလိုက်ပါတယ်။
သုံးပွင့်ဆိုင် အစည်းအဝေးအပြီး အမေရိကန် ပြည်ထောင်စု၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ထုတ်ပြန်သည့် ကြေညာချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် မေးစဉ် ပြောရေးဆိုခွင့်ရသူ လင်ကျန်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်ပါတယ်။  
ထို ၃ နိုင်ငံကြေညာချက်တွင် တောင်တရုတ်ပင်လယ်မှတရုတ်၏ အပြုအမူများကို အလေးအနက် စိုးရိမ်ကြောင်း ဖေါ်ပြပြီး တရုတ်အနေဖြင့် ၂၀၁၆ ခုနှစ် အနုညာတ ခုံရုံးဆုံးဖြတ်ချက်ကိုလိုက်နာရန် တောင်းဆိုခဲ့ပါတယ်။ 
ထိုနိုင်ငံများပြောဆိုသည့် အုပ်စုဖွဲ့နိုင်ငံရေးအလေ့အထကို တရုတ်က အပြင်းအထန် ဆန့်ကျင်ပြီး တင်းမာမှုဖြစ်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကာ အခြားနိုင်ငံများ၏ သေနင်္ဂဗျူဟာ လုံခြုံ ရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေသည့် လုပ်ရပ်များကို ဆန့်ကျင်ကာ ဒေသတွင်း အုပ်စုဖွဲ့ခြင်းကို အပြင်းအထန်ဆန့်ကျင်ကြောင်း သူက ပြောခဲ့ပါတယ်။ 
 
စိုးချစ်
 
သတင်းရင်းမြစ် - CMG