【နိုင်ငံတကာ】လီရှီးသည် အီဂျစ်သို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်

【နိုင်ငံတကာ】လီရှီးသည် အီဂျစ်သို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်

အီဂျစ်နိုင်ငံ၏ The Nation's Future Party ဥက္ကဋ္ဌနှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ Abdel-Razeq ၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ ဗဟို စည်းကမ်းကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး လီရှီးသည် စက်တင်ဘာလ ၂၃ရက်နေ့မှ ၂၅ ရက်နေ့အထိ အီဂျစ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်ခဲ့တယ်လို့ China Media Group သတင်းမှာ ဖော်ပြထားပါတယ်။

လီရှီးက ယခုနှစ်များတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi တို့သည် နှစ်နိုင်ငံဆက်ဆံရေး၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတော်စီမံအုပ်ချုပ်မှုဆိုင်ရာ နက်နက်ရှိုင်းရှိုင်းဖလှယ်မှုများရှိခဲ့ပြီး ကမ္ဘာ့အခြေအနေပြောင်းလဲမှုအောက် တရုတ်-အီဂျစ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလမ်းညွှန်မှုများကို ပေးအပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အီဂျစ်နိုင်ငံနှင့်အတူ နိုင်ငံတ ကာနှင့် ဒေသတွင်းရေးရာများတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ပြုလုပ်ကာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆိုပြုချက်၊ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ အဆိုပြုချက်နှင့် ကမ္ဘာ့ယဉ်ကျေးမှုဆိုင်ရာ အဆိုပြုချက်များကို အကောင်အထည်ဖော်ရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။

အီဂျစ်သမ္မတ Abdel-Fattah al-Sisi ကလည်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများရရှိကြောင်း၊ အီဂျစ် နိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူကို ပြတ်ပြတ်သားသားစွဲကိုင်ပြီး အီဂျစ်နိုင်ငံက BRICS စနစ်တွင်ပါဝင်ရန် တရုတ်နိုင်ငံ၏ထောက်ခံမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ရပ်ကို ချီးကျူးထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။