【နိုင်ငံတကာ】ဖိလစ်ပိုင်သင်္ဘောကို တရုတ်သင်္ဘောသတိပေးစဉ် ဖိလစ်ပိုင်သင်္ဘောပေါ် CNN သတင်းထောက်ရှိနေဟုဆို

【နိုင်ငံတကာ】ဖိလစ်ပိုင်သင်္ဘောကို တရုတ်သင်္ဘောသတိပေးစဉ် ဖိလစ်ပိုင်သင်္ဘောပေါ် CNN သတင်းထောက်ရှိနေဟုဆို

ဖိလစ်ပိုင်က မတ်၅ ရက်တွင် ကမ်းခြေစောင့်သင်္ဘောနှစ်စင်းနှင့် ပြန်လည်ထောက်ပံ့ရေးသင်္ဘောနှစ်စင်းကို နန်ရှာကျွန်းစု၏ ရေနီကျောက်တန်းအနီး ရေပြင်ထဲ ဝင်လာစဉ် ဖိလစ်ပိုင်သင်္ဘောပေါ်တွင် ပုန်းအောင်းနေသည့် Cable News Network (CNN) မှ သတင်းထောက်တစ်ဦးရှိခဲ့ကြောင်း သတင်းများပေါ်ထွက်ခဲ့တယ်လို့ တရုတ်သတင်းဌာန News Sina ကဖော်ပြခဲ့ပါတယ်။
အဆိုပါကာလအတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး တာဝန်များကို ပုံမှန်လုပ်ဆောင်နေသည့် တရုတ်ကမ်းခြေစောင့်တပ် (CCG) မှ ထပ်ခါတလဲလဲသတိ ပေးချက်များကို လျစ်လျူရှုကာ ဝင်တိုက်မိခဲ့ကြောင်း ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။
နောက်တစ်ရက်တွင် ဖိလစ်ပိုင်သင်္ဘောကို တရုတ်က ဝိုင်းထားသည့်ပုံဖြင့် CNN ကဓာတ်ပုံတစ်ပုံတင်ပြီး ၎င်းသတင်းထောက်က  တရုတ်နှင့်ဖိလစ်ပိုင်တို့ကြား “အကြီးအကျယ် ထိပ်တိုက်ရင်ဆိုင်မှု” ကို မြင်တွေ့ခဲ့ရသည်ဟု အခိုင်အမာဆိုရုံသာမက တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကို ဖော်ပြသည့် အထူးအစီရင်ခံစာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ 
သက်ဆိုင်ရာ အစီရင်ခံစာများကို ပြည်ပဆိုရှယ်မီဒီယာများပေါ်တွင် အကြိမ်များစွာ ပေးပို့ခဲ့ရာ မကြာမီ ထွက်ပေါ်လာခဲ့ကြောင်း၊ ထပ်ဆင့်ပေးပို့ခြင်းနှင့်ပတ်သက်ပြီး ထောက်လှမ်းမှုဆိုင်ရာ အယ်လဂိုရီသမ်များကို ကျင့်သုံးခြင်းဖြင့် ဆိုရှယ်ကွန်ရက်တွင် စက်ဖြင့်လုပ်ဆောင်သည်ဟု သံသယရှိသောအကောင့် ၆၂ ခုကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ 
ထိုသို့သော အချက်များကြောင့် ထိုဖြစ်ရပ်မှာ တမင်စီစဉ်ကာ ဖိလစ်ပိုင်သည် တရုတ်၏ “အနိုင်ကျင့်ခံရ” သည်ဟု အခိုင်အမာဆိုသည့် ဇာတ်လမ်းကို ဖန်တီးခဲ့ပြီး ၎င်းနောက်ကွယ်တွင် ဖိလစ်ပိုင်ရဲ့ ကြိုတင်ကြံစည်မှုအဖြစ် ဖော်ပြခဲ့ကာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) မှ ဗိုလ်မှူးကြီး Jay Tarrielaက အဓိက ကြိုးကိုင်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ 
 
 
လင်းလင်း
 
ပေကျင်း၊ မတ် ၁၅