【နိုင်ငံတကာ】နအူရူးနိုင်ငံ သမ္မတ David Adeang က ဟိုင်နန်ပြည်နယ်မှာ China Media Group (CMG) ရဲ့တွေ့ဆုံ မေးမြန်းခြင်း လက်ခံ

【နိုင်ငံတကာ】နအူရူးနိုင်ငံ သမ္မတ David Adeang က ဟိုင်နန်ပြည်နယ်မှာ China Media Group (CMG) ရဲ့တွေ့ဆုံ မေးမြန်းခြင်း လက်ခံ

ပေကျင်း၊ ဧပြီ ၀၁ 
သံတမန်ဆက်ဆံရေးပြန်လည်ထားရှိပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးအလည်အပတ်လာရောက်တဲ့ နအူရူးနိုင်ငံသမ္မတ David Adeang ကို China Media Group (CMG)  အင်တာဗျူးလုပ်ခဲ့ပါတယ်။
နအူရူးနိုင်ငံသမ္မတ David Adeangဟာ တရုတ်ခရီးစဉ်အတွင်း ခရီးစဉ်အချိန်ဇယားပြည့်နေပေမယ့် China Media Group (CMG) ရဲ့တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားခဲ့ပြီး  တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အလွန်အံ့ဩမင်သက်စရာကောင်းကြောင်း၊ တရုတ်နိုင်ငံရဲ့နက်ရှိုင်းသော သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များကလည်း သူ့ကို အံ့ဩတုန်လှုပ်မိစေကြောင်း ပြောသွားခဲ့ပါတယ်။ 
တွေ့ဆုံမေးမြန်းမှုမှာ David Adeang က တရုတ်တစ်နိုင်ငံတည်းမူဟာ နိုင်ငံတကာလူမှုအဖွဲ့အစည်းရဲ့လားရာဖြစ်ကြောင်း အသိအမှတ်ပြုပြီး အားပေးထောက်ခံခဲ့သလို ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးလည်း အမြန်ဆုံးဖြစ်လာဖို့ သူက မျှော်လင့်ထားကြောင်း ပြောသွားခဲ့ပါတယ်။