【နိုင်ငံတကာ】ဒီမိုကရေစီသည် လူသားထုအတွက် ဘုံတန်ဖိုးဟု တတိယအကြိမ်မြောက် ဒီမိုကရေစီဆိုင်ရာ နိုင်ငံတကာ ဖိုရမ်တွင်ဆို

【နိုင်ငံတကာ】ဒီမိုကရေစီသည် လူသားထုအတွက် ဘုံတန်ဖိုးဟု တတိယအကြိမ်မြောက် ဒီမိုကရေစီဆိုင်ရာ နိုင်ငံတကာ ဖိုရမ်တွင်ဆို

ပေကျင်း၊ မတ် ၂၁

ဒီမိုကရေစီသည် လူသားထုအတွက် ဘုံတန်ဖိုးဖြစ်ကြောင်း ကျော်ကြားသော ပညာရှင်များနှင့် အရာရှိများ ဗုဒ္ဓဟူးနေ့တွင်ပြောကြား ဒီမိုကရေစီ၏ အသွင်အမျိုးမျိုးနှင့် ကမ္ဘာ့စီမံအုပ်ချုပ်မှုတိုးတက်ရေးတွင် ဒီမိုကရေစီ၏ အခန်းကဏ္ဍကို ဆွေးနွေးကြကြောင်း သိရပါတယ်။

တတိယအကြိမ်မြောက် ဒီမိုကရေစီဆိုင်ရာ နိုင်ငံတကာ ဖိုရမ်ဖြစ်သည့် ဘုံလူသားထုတန်ဖိုးများ ညီလာခံကို ပေကျင်းတွင် ကျင်းပပြီး ထိုညီလာခံတွင် ကမ္ဘာ့အစိတ်အပိုင်းအမျိုးမျိုးမှ ဧည့်သည်တော် ၂၀၀ ကျော်သည် ခေတ်သစ်ဒစ်ဂျစ်တယ်ခေတ်တွင် ဒီမိုကရေစီကို မည်သို့အကောင်အထည်ဖေါ်မည်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။

အားလုံးနှင့်သင့်တော်သည့် ဒီမိုကရေစီကဲ့သို့သော အရာများမရှိကြောင်းနှင့် ဒီမိုကရေစီနှင့် ပတ်သက်သည့် ချဉ်းကပ်ပုံအမျိုးမျိုးကို လေးစားသင့်ကြောင်း ဆွေးနွေးသူများ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ချဉ်းကပ်ပုံ

တရုတ်နိုင်ငံသည် ဥပဒေအခြေပြု ဒီမိုကရက်တစ် ရွေးကောက်ပွဲများ၊ ညှိနှိုင်းဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ဥပဒေများနှင့် အဖွဲ့အစည်း အစီအစဉ်များကို စီမံကြီးကြပ်ခြင်းတို့ကို အခြေခံသည့် ပြီးပြည့်စုံသော ပြည်သူ့ ဒီမိုကရေစီကို ကျင့်သုံးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကကျင်းပသည် ထိုဖိုရမ်တွင် ပြောကြားရာတွင် မလေးရှား ပါလီမန် အောက်လွှတ်တော် ဒုဥက္ကဋ္ဌ အောင်တီးကိက တရုတ်နိုင်ငံ၏ ပြီးပြည့်စုံသော ပြည်သူ့ ဒီမိုကရေစီကို ချီးကျူးပါတယ်။

တရုတ်နိုင်ငံသည် ဒီမိုကရေစီ အလေ့အထ အမျိုးမျိုးကွဲပြားခြင်းကို ထောက်ခံပြီး ပြည်သူများ ရည်မှန်းချက် အောင်မြင်ရေးနှင့် ထိုရည်မှန်းချက်ကို ထောက်ကူနိုင်သော လူမှုတိုးတက်မှုအဆင့်အကြား ဆက်စပ်မှုကို သိမြင်သည်ဟု သူက ပြောပါတယ်။

ဟောင်ကောင် တရုတ်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ ဝမ်ရှောင်ကောင်း တရုတ်နိုင်ငံ၏ နည်းလမ်းတွင် ပြည်သူ့ထံမှ ပြည်သူ့ထံသို့ဆိုသည့် မူ၏ အရေးပါမှုကို အလေးထားပြောကြားခဲ့ပါတယ်။

"ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူ့ထံမှ ပြည်သူ့ထံသို့မူပဲ" ဟု ဝမ်က တရုတ်နိုင်ငံ၏ ပြည်သူဗဟိုပြု စီမံအုပ်ချုပ်မှု အတွေးအခေါ်ကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။

"တရုတ်ခေါင်းဆောင်တွေဟာ ပြည်သူတွေ ဘာတွေ စဉ်းစားတယ်၊ ခံစားတယ်၊တွေ့ကြုံရတယ်၊ လိုချင်တယ်ဆိုတာကို သိဖို့ ကြီးမားတဲ့ သုတေသနအဖြစ် ပါတီကို အသုံးပြုတယ်" ဟု 48 Group Club မှ ဥက္ကဋ္ဌ စတီဖင် ပယ်ရီက ပြောပါတယ်။

"တရုတ်နိုင်ငံဟာ ကောင်းမွန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေပြီလို့ ကျနော်ထင်တယ်။ ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူတွေလိုချင်တာကို လုပ်ပေးလေ့ရှိတယ်" ဟု သူက ပြောပါတယ်။

အားလုံးအတွက် သင့်တော်သော ဒီမိုကရေစီမရှိ

ဒီမိုကရေစီ ပုံစံတစ်ခုတည်းကို အခြားနိုင်ငံများကျင့်သုံးအောင် အတင်းအကျပ်လုပ်ခြင်း၏ အန္တရာယ်နှင့် ယနေ့ခေတ်အနောက်တိုင်းပုံစံ ဒီမိုကရေစီ၏ ဆိုးကျိုးများကို မိန့်ခွန်းပြောသူများက အလေးထားပြောခဲ့ပါတယ်။

အနောက်နိုင်ငံများသည် ဒုတိယကမ္ဘာစစ်အတွင်းက ပေးဆပ်ရသောမြင့်မားသော တန်ဖိုးဖြင့် ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒကို တိုက်ခိုက်သည့် တိုက်ပွဲဖြင့် ရရှိသည့် ဒီမိုကရေစီကို ဂုဏ်ယူကြောင်း အီတလီဝန်ကြီးချုပ်ဟောင်း မက်ဆီမိုဒီအလမ်မာပြောပါတယ်။

"ဒါပေမယ့် အဲဒီ တရားဝင်တဲ့ ဂုဏ်ယူမှုဟာ ကျနော်တို့ ပုံစံဒီမိုကရေစီဟာ ရှည်ကြာ ထူးခြားတဲ့ သမိုင်း ဖြစ်စဉ်ရဲ့ ရလဒ်ဖြစ်လို့ ဒီ ဒီမိုကရေစီကို ကမ္ဘာ့ အခြားနေရာတွေကို တင်ပို့ကျင့်သုံးစေရမယ်လို့ မမြင်သင့်ဘူး" ဟု အာဖဂန်နစ္စတန်၊ အီရတ်နှင့် အရှေ့အလယ်ပိုင်းကို ကိုးကားပြောဆိုခဲ့ပါတယ်။

စိုးချစ်

သတင်းရင်းမြစ် - CMG