【နိုင်ငံတကာ】တရုတ်-နီပေါ ဆက်ဆံရေးက နက်ရှိုင်းစွာ အမြစ်တွယ်နေဟုဆို

【နိုင်ငံတကာ】တရုတ်-နီပေါ ဆက်ဆံရေးက နက်ရှိုင်းစွာ အမြစ်တွယ်နေဟုဆို

တရုတ်-နီပေါ ဆက်ဆံရေးသည် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ကမ္ဘာကြီးသည် ပြောင်းလဲနေသော်လည်း တရုတ်-နီပေါ ဆက်ဆံရေးမှာ ခိုင်မာ၍ နီပေါ၏ ရပ်တည်ချက်မှာ မပြောင်းလဲကြောင်း နီပေါဝန်ကြီးချုပ် ပရာချန်ဒါက သီးသန့် အင်တာဗျူးတစ်ခု၌ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသည့် နီပေါဝန်ကြီးချုပ်က ပေကျင်းမြို့ တွင် သီးသန့်အင်တာဗျူးတစ်ခုကို လက်ခံ၍ဖြေကြားခဲ့ပြီး ယင်းအစီအစဉ်ကိုလည်း ဒေသစံတော်ချိန် အောက်တိုဘာ ၆ ရက် ည ၉နာရီခွဲတွင် CCTV သတင်း၌ ပြသခဲ့ကြောင်း သိရပါတယ်။
“One Belt, One Road” ပဏာမခြေလှမ်းသည် ဆက်လက်တိုးတက်ပြီး နီပေါကို “ကုန်းတွင်းပိတ်နိုင်ငံ” အဖြစ်မှ စီးပွားရေး တိုးတက်မှုအခွင့်အလမ်းများ ဆောင်ယူလာမည့် အသွင်မျိုး ကူးပြောင်းရောက်ရှိစေမည်ဟု မျှော်လင့်ကြောင်းကိုလည်း ၎င်းက သီးသန့်အင်တာဗျူးအစီအစဉ်၌ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
 
ပေကျင်း ၊ အောက်တိုဘာ ၇