【နိုင်ငံတကာ】တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာရေး စင်တာ၊ နိုင်ငံတကာ အိုလံပစ်ကောလိပ်များနှင့် China Media Group ပူးပေါင်းဆောင်ရွက်

【နိုင်ငံတကာ】တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာရေး စင်တာ၊ နိုင်ငံတကာ အိုလံပစ်ကောလိပ်များနှင့် China Media Group ပူးပေါင်းဆောင်ရွက်

China Media Group သည် တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန်သင်ယူလေ့လာရေးစင်တာ၊ နိုင်ငံတကာအိုလံပစ် ကောလိပ်များနှင့် တရုတ်-ဂရိ ယဉ်ကျေးမှု အပြန်အလှန် ကူးလူးဖလှယ်ရေးနှင့် သင်ယူလေ့လာရေး အားဖြည့်ဆောင်ရွက်ရန်နှင့် အိုလံပစ်စိတ်ဓာတ် တိုးပွားစေရန် ရည်ရွယ်ပြီး ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို အောက်တိုဘာလ ၂၈ ရက်နေ့က  ချုပ်ဆိုခဲ့ကြောင်း China Media Group  သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။ 
 
ဂရိနိုင်ငံဝန်ကြီးချုပ် Mitsotakis က နိုင်ငံတကာ အိုလံပစ်ကောလိပ်နှင့် China Media Group တို့အကြား ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးနှင့် သက်ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုကြောင်း ဖော်ပြခဲ့ပါတယ်။ 
 
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen hai xiong သည် တရုတ်-ဂရိ ယဉ်ကျေးမှုအပြန်အလှန် သင်ယူလေ့လာရေးစင်တာ ဂရိ ကောင်စီ ဥက္ကဋ္ဌ Vervidakis ၊ နိုင်ငံတကာ အိုလံပစ် ကောလိပ် ကျောင်းအုပ်ကြီး Covelos တို့နှင့်  အသီးသီး စာချုပ်ချုပ်ဆိုခဲ့သည်ဟု China Media Group  သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။
 
ပေကျင်း၊အောက်တိုဘာ ၃၀