【နိုင်ငံတကာ】တရုတ်ဟက်ကာများက အမေရိကန် အခြေခံအဆောက်အအုံကိုတိုက်ခိုက်ရန် ပြင်ဆင်နေဟု FBI ပြော

【နိုင်ငံတကာ】တရုတ်ဟက်ကာများက အမေရိကန် အခြေခံအဆောက်အအုံကိုတိုက်ခိုက်ရန် ပြင်ဆင်နေဟု FBI ပြော

ဝါရှင်တန်၊ ဧပြီ ၂၀

တရုတ်အစိုးရနှင့်ပတ်သက်သည့် ဟက်ကာများသည် အမေရိကန်၏အရေးပါသော အခြေခံအ ဆောက်အအုံများကို ထိုးဖောက်နေပြီး အသေအလဲထိုးနှက်ရန်စောင့်ဆိုင်းနေကြောင်း ဖက်ဒရယ် စုံစမ်းစစ် ဆေးရေး ဗျူရို ( FBI) ဒါရိုက်တာ ခရစ္စတိုဖာ ရိုင်း ကြာသပတေးနေ့တွင်ပြောခဲ့ပါတယ်။

Volt Typhoon  ဟု ခေါ်သည့် တရုတ်က လက်ရှိလုပ်နေသည့် ဟက်ကာလှုပ်ရှားမှုသည် ဆက်သွယ်ရေး၊ စွမ်းအင်၊ ရေနှင့် အခြား အဓိကကျသည့် ကဏ္ဍများကို အောင်မြင်စွာ ထိုးဖေါက်နိုင်ပြီး ပိုက်လိုင်း စီမံ သည့် လုပ်ငန်း ၂၃ ခုကို ပစ်မှတ်ထားသည်ဟု ရိုင်း က ဘန်ဒါဗစ်လ် တက္ကသိုလ် မိန့်ခွန်းတစ်ခုတွင်ပြောပါတယ်။

တရုတ်နိုင်ငံက ကျနော်တို့ အခြေခံအဆောက်အအုံကို သူရွေးချယ်တဲ့အချိန်မှာ ဖျက်ပစ်နိုင်တဲ့ စွမ်းရည် တည်ဆောက်နေတယ် ဟု 2024 Vanderbilt Summit on Modern Conflict and Emerging Threats တွင် ရိုင်းကပြောပါတယ်။

 "သူတို့ရဲ့စီမံကိန်းက အရပ်ဘက် အခြေခံအဆောက်အအုံကို ထိုးနှက်ဖို့ပဲ" ဟုလည်း သူပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို ကာကွယ်ခြင်းကို တားဆီးသည့် တရုတ်၏ ရည်ရွယ်ချက်နှင့် ချိန်ညှိသည့် ထိုဆိုက်ဘာ ပြင်ဆင်မှု၏ ရည်ရွယ်ချက်ကို ဆုံးဖြတ်ရန် ခက်ခဲကြောင်း ရိုင်းပြောပါတယ်။

စိုးချစ်

သတင်းရင်းမြစ်-Reuters