【နိုင်ငံတကာ】တရုတ်ပြည်ပြန် ပင်လယ်ရပ်ခြားတရုတ်အနွယ်ဖွားများနှင့် ၄င်းတို့၏ မိသားစုဝင်များ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပ

【နိုင်ငံတကာ】တရုတ်ပြည်ပြန် ပင်လယ်ရပ်ခြားတရုတ်အနွယ်ဖွားများနှင့် ၄င်းတို့၏ မိသားစုဝင်များ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံ ကျင်းပ

၁၁ကြိမ်မြောက် တရုတ်ပြည်ပြန် ပင်လယ်ရပ်ခြား တရုတ်အနွယ်ဖွားများနှင့် ၄င်းတို့၏ မိသားစုဝင်များ ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံကို သြဂုတ်လ ၃၁ရက်နေ့က ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းညီလာခံသို့  ရှီကျင့်ဖျင့်နှင့် လီချမ်းစသည့် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်များ ညီလာခံသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ကိုယ်စား လီရှီက မိန့်ခွန်းပြောကြားရာ  အင်အားတောင့်တင်းသောနိုင်ငံ တည်ဆောက်ရန်နှင့် အမျိုးသားပြန်လည်ရှင်သန်နိုးထရန် ပင်လယ်ရပ်ခြား တရုတ်အနွယ်ဖွားလောက စည်းလုံးညီညွှတ်ပြီး ကြိုးပမ်းဆောင်ရွက်သော အင်အားကြီးကို စုစည်းခြင်းဟူသော ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်မှ တရုတ်ပြည်ပြန် ပင်လယ်ရပ်ခြား တရုတ်အနွယ်ဖွားများ နှင့် ၄င်းတို့၏မိသားစုဝင်များ ကိုယ်စားလှယ် ၁၂၀၀ခန့် နှင့် နိုင်ငံ၁၀၀ကျော်မှ ပင်လယ်ရပ်ခြား တရုတ်အနွယ်ဖွား အထူးဧည့်သည်တော် ၆၀၀ခန့် ညီလာခံသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေကျင်း၊ စက်တင်ဘာ ၁