【နိုင်ငံတကာ】တတိယအကြိမ်မြောက် နိုင်ငံတကာ ဒီမိုကရေစီဖိုရမ် ပေကျင်းတွင် ကျင်းပခဲ့

【နိုင်ငံတကာ】တတိယအကြိမ်မြောက် နိုင်ငံတကာ ဒီမိုကရေစီဖိုရမ် ပေကျင်းတွင် ကျင်းပခဲ့

ပေကျင်း၊မတ် ၂၁

ဘုံလူသားတန်ဖိုးများဟု အမည်ပေးထားသည့် တတိယအကြိမ် နိုင်ငံတကာ ဒီမိုကရေစီ ဖိုရမ်ကို ပေကျင်းတွင် ဗုဒ္ဓဟူးနေ့က စတင်ကျင်းပခဲ့ပါတယ်။  နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်မှ အရာရှိနှင့် ကျွမ်းကျင်သူ ၃၀၀ သည် ခေတ်သစ် ဒစ်ဂျစ်တယ်ခေတ်တွင် ဒီမိုကရေစီကို မည်သို့ အကောင်အထည် ဖေါ်မည်ကို ဆွေးနွေးကြပါတယ်။

ထိုဖိုရမ်တွင် ပြောကြားသည့် မိန့်ခွန်းများသည် ဖိုရမ်ငယ်များတွင် ဆွေးနွေးမှုများကို ဖြစ်စေပြီး ဒီမိုကရေစီ၏ နယ်ပယ် ၄ ခုကို ဆွေးနွေးကြပါတယ်။  ထိုနယ်ပယ် ၄ ခုမှာ ခေတ်မီသော စီမံအုပ်ချုပ်မှု၊ ဒစ်ဂျစ်တယ်ခေတ်တွင် ဥပဒေနှင့်အညီ အုပ်ချုပ်ရေး၊ ဥာဏ်ရည်တု တီထွင်ဆန်းသစ်သော အနာဂါတ် နှင့် ဝင်ရိုးအများအပြား ရှိသော ကမ္ဘာတွင် ကမ္ဘာ့ စီမံအုပ်ချုပ်ရေး တို့ပါဝင်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြည်သူ့ရေးရာဝန်ကြီး လီရှုလိုင်က အဖွင့်မိန့်ခွန်းပြောပါတယ်။ တရုတ် ဒီမိုကရေစီသည် တရုတ်ခေတ်မီရေးအတွက် ထမ်းဆောင်ကြောင်း ပြောပါတယ်။ ထိုသို့လုပ်ရာတွင် ပြည်သူများအတွက် အရေးပါပြီး စိန်ခေါ်မှုများသော ပြဿနာများကို စမှတ်နှင့် နောက်ဆုံးပန်းတိုင်ဖြစ်ကြောင်း၊ ပြည်သူများ၏ အမျိုးမျိုးသော လိုအပ်ချက်များနှင့် မျှော်မှန်းချက်များ ဖြည့်ဆည်းရေးလိုအပ်ကြောင်း သူကပြောပါတယ်။

တရုတ်နိုင်ငံတွင် အဓိကကျသည့် နိုင်ငံရေးဆိုင်ရာ မူဝါဒများမှသည် လူမှုစီမံအုပ်ချုပ်ရေးအထိ၊ အခြေခံလိုအပ်ချက်မှသည် ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သက်ကြီးရွယ်အို စောင့် ရှောက်မှုအထိ ပြည်သူများသည် ၎င်းတို့၏ ဆန္ဒကို ထုတ်ဖေါ်ခွင့်ရှိပြီး ပြည်သူများသည် အကျိုးကျေးဇူးများ အမှန်တကယ်ခံစားရကြောင်း သူက ပြောပါတယ်။

"အဲဒီအားထုတ်မှုတွေဟာ ဒီမိုကရက်တစ် ထိရောက်မှုနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီတန်ဖိုးတွေကို အကောင်အထည်ပေးစေတယ်" ဟု သူက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ဒီမိုကရေစီစနစ်သည် အကောင်းဆုံးရိုးရာအစဉ်အလာ ယဉ်ကျေးမှုတွင် အမြစ်တွယ်နေပြီး ပြည်သူများသည် အရှင်သခင်များဖြစ်သည်ဆိုသည့် အလေ့အထ ဆက်လက်တီထွင်ဆန်းသစ်တိုးတက်လာသည်ဟု တရုတ်လူမှုသိပ္ပံအကယ်ဒမီ ဥက္ကဋ္ဌ ဂေါင်ရှန်းက  ပြောပါတယ်။  

တရုတ်ကွန်မြူနစ်ပါတီသည်  ပြီးပြည့်စုံသော ပြည်သူ့ဒီမိုကရေစီကို အဆိုပြု ဖေါ်ထုတ်နေပြီး တန်ဖိုးနှင့်အယူအဆကို သိပ္ပံနည်းကျ ထိရောက်သော အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များနှင့် လက်တွေ့ကျ ခိုင်မာသည့် ဒီမိုကရက်တစ် အလေ့အထများအဖြစ် ပြောင်းလဲလိုက်သည်ဟု သူက ပြောပါတယ်။

စိုးချစ်

သတင်းရင်းမြစ် - CMG