【နိုင်ငံတကာ】ခေတ်သစ်တွင် တရုတ် ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသား လူမျိုးစုလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရမည်ဟု ရှီကျင့်ဖျင်ဆို

【နိုင်ငံတကာ】ခေတ်သစ်တွင် တရုတ် ကွန်မြူနစ်ပါတီ၏ တိုင်းရင်းသား လူမျိုးစုလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရမည်ဟု ရှီကျင့်ဖျင်ဆို

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်များက ဦးဆောင်ကာ တရုတ်အမျိုးသားအသိုက်အဝန်း အတွေးအခေါ်ကို အားကောင်းစေရေးနှင့် ပတ်သက်၍ နဝမအကြိမ်မြောက် ဆွေးနွေးပွဲကို အောက်တို ဘာ ၂၇ရက် ညနေပိုင်းကကျင်းပခဲ့ကြောင်း China Media Group သတင်းဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။
ဆွေးနွေးပွဲတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖျင်က ဆွေးနွေးပွဲကို ကြီးမှူးကျင်းပရာ တရုတ် အမျိုးသား အသိုက်အဝန်း အတွေးအခေါ်ကို အားကောင်းစေရေးသည် တိုင်းရင်းသား လူမျိုးစု ပြည်သူအားလုံးကို အေးအတူ ပူအမျှ ဖြစ်သော၊ ဆိုးတူကောင်းဖက် ဖြစ်သောနှင့် သေတူရှင်ဖက် ဖြစ်သော အသိုက်အဝန်း အတွေးအခေါ်ကို ခိုင်မာစွာ ထူထောင်ရန် ဦးဆောင်ခြင်းပင် ဖြစ်ကြောင်း၊ ပါတီ၏ တိုင်းရင်းသား လူမျိုးစု လုပ်ငန်းကို ကောင်းမွန်စေရန် အဆက်မပြတ် အားဖြည့်ဆောင်ရွက်ပြီး တိုင်းရင်းသား လူမျိုးစုများ၏ စည်းလုံးညီညွတ်ရေးနှင့် တိုးတက်ရေး လုပ်ငန်းကို ဇောက်ချ၍ တွန်းအားပေးကာ ခေတ်ကာလသစ်တွင် ပါတီ၏ တိုင်းရင်းသား လူမျိုးစုလုပ်ငန်းကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့ကြောင်း China Media Group သတင်းဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။
 
ပေကျင်း၊အောက်တိုဘာ ၃၀