ကွန်ဂိုတွင် လူ ၁၉ ဦးပါလေယာဉ်ပျက်ကျသဖြင့် ခြောက်ဦး သေဆုံး

ကွန်ဂိုတွင် လူ ၁၉ ဦးပါလေယာဉ်ပျက်ကျသဖြင့် ခြောက်ဦး သေဆုံး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ လူဦး ရေထူထပ်သောဂိုမာသို့ ခရီးသည် ၁၉ ဦး တင်ဆောင်သည့်  လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ ခရီးသည်များအနက် ၆ ဦး၏ လောင်းကို ရှာဖွေတွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Goma လေဆိပ်မှ အရာရှိတစ် ဦး ဖြစ်သူ Richard Mangolopa က သတင်းဌာနကို ပြောကြားခဲ့ ရာမှာ လေယာဉ်ပျက်ကျမှုမှာ ကျန်သူများအတွက် အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

“ အလောင်းအတော်များများကို ရှာတွေခဲ့ပါပြီ။ ကယ်ဆယ်ရေးအဖွဲ့များကတော့ ဆက်လက်ရှာ ဖွေနေဆဲပါ” လို့ ဂိုမာမြို့တော်ဝန် တီမိုသီ မူရီဆာ ကီဆက် ကပြောကြားခဲ့ပါတယ်။Dornier-228  လေယာဉ် မှာ ဂိုမာမြို့မြောက်ဘက် ကီလိုမီတာ ၃၅၀ (၂၂၀မိုင်)အကွာရှိ  ဘီနီသို့ဦး တည်ခဲ့သော်လည်း ဂိုမာ လေဆိပ်အနီးရှိလူနေ ဧရိယာအတွင်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

“ လေယာဉ်ပေါ်မှာ ခရီးသည် ၁၇ ဦး နှင့်လေယာဉ်အမှုထမ်း ၂ ဦး လိုက်ပါလာပြီး  နံနက် ၉နာရီ ၉.၁၀.၀၀ နာရီဝန်းကျင်မှာပျံသန်းခဲ့တယ်” ဟု Busy Bee လေကြောင်းဝန်ထမ်း တစ်ဦးက ပြောကြားခဲ့ပါတယ်။

မြောက်ကီဗူးတွင် အခြေစိုက်သည့် Busy Bee လေကြောင်းလိုင်းတွင် လေယာဉ်သုံးစင်း သာရှိ တယ်ဆိုပါ တယ်။ဒေသတွင်း သတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့  actualite.cdကတော့  ကုမ္ပဏီ၏ပြုပြင်ထိန်းသိမ်းမှုလုပ်သားတစ် ဦးရဲ့စကားကို ကိုးကားပြီး " နည်းပညာပြဿနာ " လို့ အပြစ်တင်ခဲ့ပါတယ်။

လေယာဉ်မှာ လူနေထူထပ်သော အရပ်သို့ ပျက်ကျခဲ့သော်လည်း မြေပြင်မှထိခိုက်ဒဏ်ရာရသည့် သတင်းမရရှိသေးဘူးလို့ သိရပါတယ်။

Linko
Ref: guardian.ng
ကင်ဆာရှာ ၊ နိုဝင်ဘာ ၂၄

(  Zawgyi  )

 ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံရွိ လူဦး ေရထူထပ္ေသာဂိုမာသို႔ ခရီးသည္ ၁၉ ဦး တင္ေဆာင္သည့္  ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ရာ ေလယာဥ္ေပၚပါ ခရီးသည္မ်ားအနက္ ၆ ဦး၏ ေလာင္းကို ရွာေဖြေတြ႕ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

Goma ေလဆိပ္မွ အရာရွိတစ္ ဦး ျဖစ္သူ Richard Mangolopa က သတင္းဌာနကို ေျပာၾကားခဲ့ ရာမွာ ေလယာဥ္ပ်က္က်မႈမွာ က်န္သူမ်ားအတြက္ အသက္ရွင္က်န္ရစ္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ အေလာင္းအေတာ္မ်ားမ်ားကို ရွာေတြခဲ့ပါၿပီ။ ကယ္ဆယ္ေရးအဖြဲ႕မ်ားကေတာ့ ဆက္လက္ရွာ ေဖြေနဆဲပါ” လို႔ ဂိုမာၿမိဳ႕ေတာ္ဝန္ တီမိုသီ မူရီဆာ ကီဆက္ ကေျပာၾကားခဲ့ပါတယ္။Dornier-228  ေလယာဥ္ မွာ ဂိုမာၿမိဳ႕ေျမာက္ဘက္ ကီလိုမီတာ ၃၅၀ (၂၂၀မိုင္)အကြာရွိ  ဘီနီသို႔ဦး တည္ခဲ့ေသာ္လည္း ဂိုမာ ေလဆိပ္အနီးရွိလူေန ဧရိယာအတြင္း ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။

“ ေလယာဥ္ေပၚမွာ ခရီးသည္ ၁၇ ဦး ႏွင့္ေလယာဥ္အမႈထမ္း ၂ ဦး လိုက္ပါလာၿပီး  နံနက္ ၉နာရီ ၉.၁၀.၀၀ နာရီဝန္းက်င္မွာပ်ံသန္းခဲ့တယ္” ဟု Busy Bee ေလေၾကာင္းဝန္ထမ္း တစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကီဗူးတြင္ အေျခစိုက္သည့္ Busy Bee ေလေၾကာင္းလိုင္းတြင္ ေလယာဥ္သုံးစင္း သာရွိ တယ္ဆိုပါ တယ္။ေဒသတြင္း သတင္းဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့  actualite.cdကေတာ့  ကုမၸဏီ၏ျပဳျပင္ထိန္းသိမ္းမႈလုပ္သားတစ္ ဦးရဲ႕စကားကို ကိုးကားၿပီး " နည္းပညာျပႆနာ " လို႔ အျပစ္တင္ခဲ့ပါတယ္။

ေလယာဥ္မွာ လူေနထူထပ္ေသာ အရပ္သို႔ ပ်က္က်ခဲ့ေသာ္လည္း ေျမျပင္မွထိခိုက္ဒဏ္ရာရသည့္ သတင္းမရရွိေသးဘူးလို႔ သိရပါတယ္။

Linko
Ref: guardian.ng
ကင္ဆာရွာ ၊ ႏိုဝင္ဘာ ၂၄