【 ဆောင်းပါး 】စျေးကွက်ခိုင်မာနေတဲ့ မြန်မာ့ထောပတ်သီး

【 ဆောင်းပါး 】စျေးကွက်ခိုင်မာနေတဲ့ မြန်မာ့ထောပတ်သီး

ကမ္ဘာ့သီးနှံများတွင် ထောပတ်သီးမှာ စားသောက်မှုပုံစံအမျိုးမျိုးဖြင့် လူကြိုက်များသည့် သီးနှံအဖြစ် ရှိနေပါသည်။ ယင်းတို့သည် မက္ကဆီကိုတောင်ပိုင်းဒေသ အဓိကပေါက်ပင်ဖြစ်ရာ ကမ္ဘ့ာနိုင်ငံများတွင်မူ ထေ ာပတ်သီး အများဆုံးစိုက်ပျိုး ထွက်ရှိမှုအနေဖြင့် မက္ကဆီကို နိုင်ငံမှဦးဆောင်လျက်ရှိပြီး မက္ကဆီကို၊ ပီရူး၊ အင်ဒိုနီး ရှား၊ ကိုလံ ဘီယာ၊ ကယ်လီဖိုးနီးယား နိုင်ငံတို့မှ စုစုပေါင်းထွက်နှုန်းအနေဖြင့် မက်ထရစ်တန် ၁.၃၈ သန်းရှိနေခဲ့သည်။ ယင်းသည် ကမ္ဘာ့နိုင်ငံများ၏ စုစုပေါင်း ထောပတ်သီးထွက်ရှိမှု၏ ၂၇% ရှိနေပါသည်။ ထို ထောပတ်သီးများသည် စျေးကွက်ကောင်းခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း  ၂၀၂၂ ခုနှစ်မှာပင် စိုက်ပျိုးတောင်သူ ၄၀၀၀ကျော် ဝန်းကျင်ရှိနေ ပြီး စိုက်ဧကအနေဖြင့် ၂သောင်းခန့် ရှိနေပြီဖြစ်ကြောင်း ဖေါ်ပြမှုများရှိနေပါသည်။    

ပြည်တွင်းထောပတ်သီးစိုက်ပျိုးမှုသည် နှစ်စဉ်တိုးပွားလျက်ရှိနေပြီး အကြောင်းအရင်းအနေဖြင့် ပြည်တွင်း ၊ပြည်ပစျေးကွက်တွင် ထူးခြားမှုကြောင့်ဟု ဆိုကြပါသည်။ ထို့ကြောင့် စျေးကွက်အပေါ် လေ့လာကြည့်လျှင်  ၂၀၁၉ ခုနှစ်တွင် မြန်မာ့ထောပတ်သီးကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနဲ့ဟောင်ကောင်နိုင်ငံများကို တင်ပို့မှု များရှိနေခဲ့ ပြီဖြစ်သည်။ ဆက်လက်ပြီး ၂၀၂၀ ခုနှစ်တွင်လည်း မြန်မာ့ထောပတ်သီးအား ထိုင်းနှင့် တရုတ်နိုင်ငံများမှ အများဆုံး ဝယ်ယူခဲ့ကြပြီး  ထောပတ်သီးတန်ချိန် (၅,၀၀၀) မှ (၁၀,၀၀၀) အထိ တင်ပို့မှုများရှိခဲ့သည်။ ဒါ့အပြင် မြန်မာ့ ထောပတ်သီးကို  ပြည်ပကုန်သည်များမှ တိုက်ရိုက် လာရောက်ကမ်း လှမ်းမှုများရှိနေခဲ့ပြီး ထွက်ရှိသမျှ ဝယ်ယူမည့်အပြင် ငွေကြေးအရင်းအနှီး စိုက်ထုတ်မှုများပင်ပြုလုပ်ရန် ကမ်းလှမ်းခဲ့ခြင်များရှိကြောင်း ထောပတ်စိုက်ပျိုး ထုတ်လုပ်သူများက ဆိုကြသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ပြင်သစ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပြပွဲများသွားရောက် ပြသခဲ့ပြီးနောက် ဥရောပစျေးကွက်မှလည်း မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားခဲ့သည်။ တစ်ဆက် တည်းမှာပင် ယခု ၂၀၂၃ ခုနှစ်တွင်လည်း ထောပတ်ရာသီချိန်ဖြစ်သည့် ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ အခုနှစ်ဇန်နဝါရီ၂ လတာ အတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထောပတ်သီး တန်ချိန်တစ် သောင်းခွဲမှ ၂သောင်းခန့် တင်ပို့ ထားနိုင်သလို လေကြောင်း ကုန်သွယ်ရေးကနေတစ်ဆင့် မလေးရှား၊ ထိုင်းနဲ့ ဥရောပ နိုင်ငံများသို့လည်း တင်ပို့မှုများရှိနေခဲ့ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း(MAVO)မှ သိရသည်။

ထောပတ်သီးသည် ကမ္ဘာ့ဈေးကျဆင်းနေချိန်တွင်လည်း ပြည်တွင်းပေါက်ဈေးအားဖြင့် ကမ္ဘာ့ဈေးကွက်ထက်ပင် စျေးကောင်းရသည့် အခြေအနေပင် ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ ယင်းအချက်ကြောင့်ပင် ပြည်တွင်း၊ပြည်ပ စျေးကွက်အပေါ် တောင်သူများအနေဖြင့် အလျဉ်းသင့်သလို ရောင်းချနိုင်ကာ ထောပတ်သီးစိုက်ပျိုးမှုသည် စျေးကွက်ထိခိုက်မှုနည်းပါးခြင်း၏ အားသားချက်အဖြစ်ရှိနေသည်။ စိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ်တိုးပွားနေသလို ပြည်တွင်း စျေးစားသုံးမှုအနေဖြင့်လည်း ထောပတ်သီးတန်ချိန် (၃,၀၀၀)ကို နှစ်စဉ် စားသုံးလျက် ရှိကြပြီး ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် ကိုဗစ် - ၁၉ ကပ်ရောနှင့် ပြည် တွင်းအခြေအနေများကြောင့် တင်ပို့မှုဆိုင်ရာကဲ့သို့ အခက်အခဲများဖြစ်ပေါ်ခဲ့သော်လည်း အခြားတစ်ဖက်တွင် ပြည်တွင်းစျေးကွက်ခိုင်မာခြင်း ကြောင့် မြန်မာ့ထောပတ်သီးများမှာ စျေးကွက် ထွက်ပေါက်ရှိခဲ့သည်ဟု ပြင်ဦးလွင်မှ ထောပတ်သီးစိုက်ပျိုး တောင်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

တင်ပို့မှုစျေးနှုန်းများအနေဖြင့် ၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ချိန် ထောပတ်သီး တစ်ကီလိုလျှင် ၃ဒသမ ၇ ဒေါ်လာဝန်းကျင်ရရှိခဲ့ကာ ပြည်တွင်းစျေးကွက်တွင်မူ တစ်ကီလိုပေါက်စျေး ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး ပျှမ်းမျှအားဖြင့် ထောပတ်သီးတစ်လုံးလျှင် အနိမ့်ဆုံး ကျပ် ၅၀၀ မှ ၁၀၀၀ ဝန်းကျင်ရှိ နေခဲ့သည်။ ယင်းကဲ့သို့ စျေးကွက်ခိုင်မာလျက်ရှိသော ထောပတ်သီးကို မြန်မာနိုင်ငံတွင် တောင် ပေါ်ဒေသများ၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံ၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်၊ ဖယ်ခုံ၊ လွိုင်ကော်တို့တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လားရှိုး၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) စသည့်ဒေသများတွင် တို့တွင်စိုက်ပျိုးထားကြသည်။

မြန်မာ့ထောပတ်သီးသည် မူလမျိုးစိတ်ပေါင်း (၁,၀၀၀)ခန့်ရှိနေခဲ့ပြီး အထွက်နှုန်းကောင်းသော်လည်း အရည်အသွေးလိုအပ်ချက်အရ  ပြည်ပစျေးကွက်သို့ထိုးဖေါက်ရန် လိုအပ်ချက်ရှိနေရာ ပြည်ပစျေးကွက်ဝင်အ ဖြစ် တင်ပို့နိုင်ရေးရည်ရွယ်ချက်ဖြင့် ပြည်ပစျေးကွက်အကြိုက်၊ စိုက်ပျိုးဖြစ်ထွန်းမှုများပြားသည့် အရည်အသွေးမီ အလုံးကြီးမျိုး (Hass) ဆိုသည့် နိုင်ငံခြားမျိုးစိတ်ထောပတ်သီးကို ၂၀၂၀ ခုနှစ်ဝန်းကျင်တွင် တွင်တွင်ကျယ်ကျယ် ပြောင်းလဲစိုက်ပျိုးလာခဲ့ကြသည်။ ယင်းအခြေအနေကြောင့် လက်ရှိတွင် Hass ထောပတ်မျိုးစိတ်မှာ စိုက်ပျိုးမှု အများဆုံးအဖြစ်ရှိနေပြီး စျေးကွက်အရွေ့တစ်ခုအဖြစ် ရှိနေခဲ့ခြင်းလည်းဖြစ်သည်။ စိုက်ပျိုးမှုအနေဖြင့် ယင်း (Hass) အမျိုးအစား ထောပတ်ပင်များကို ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့်  Global GAP စနစ်ဖြင့် စိုက်ပျိုးလျက်ရှိနေပြီး  ထောပတ်စိုက်ပျိုးတောင်သူများသည် မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကဲ့သို့ သက်ဆိုင်ရာ အသင်းအစုအဖွဲ့များနှင့် ချိတ်ဆက်ကာ ဆောင်ရွက်နေကြသည်ဟု လည်းဆိုပါသည်။

ဆိုခဲ့သလို ထောပတ်သီးသည်ပြည်တွင်း၊ပြည်ပ စျေးကွက်တွင် လူကြိုက်များလျှက်ရှိရာ စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးမှုနည်းပညာနှင့်ချိတ်ဆက်ဆောင်ရွက်မှုများမှာလည်း အစဉ်တိုးတက်လျှက်ရှိနေသည်။ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) နှင့် UN Trade Cluster Project on Horticultural Products (UNIDO) မှ ပူး​ပေါင်းကာ ကောင်းမွန်သော စိုက်ပျိုးရေး အလေ့ အကျင့် (G.A.P) နဲ့ပတ်သက်တဲ့သင်တန်းများအား အစဉ်ပို့ချလျှက်ရှိနေသည်ဟု ဆိုသည်။

ထောပတ်ပင်များသည် နှစ်ရှည်သီးနှံပင်များဖြစ်ကာ စစိုက်ပြီး (၃)နှစ်နေမှ စတင်အသီးသီးကြောင်းသိရသည်။ အောက်တိုဘာလတွင် အသီးများစတင်ထွက်ရှိပြီး ဇန်နဝါရီလလယ်တွင် အသီးထွက်ရှိမှုကုန်ဆုံးကာ ရာသီကုန်ဆုံးကြောင်း ဆိုကြသည်။ယင်းသည် အမြဲစိမ်းအပင်ဖြစ်သော သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်တာအပြင် ပြည်ပပို့ကုန်ဖြစ်ခြင်းကြောင့်  နိုင်ငံ့ဝင်ငွေတိုးပွားစေသည့်လုပ်ငန်းအဖြစ် လည်းရှိနေသည်။

မိုးသား

ဓာတ်ပုံ - အမေ့မေတ္တာ ထောပတ်သီးရောင်းဝယ်ရေးမှ